အခန်း ၄၈(unicode)

Start from the beginning
                                    

ဒါပေမယ့် အဲ့ဒီအကြောင်းတွေကိုတစ်ယောက်သောသူကအလေးမထားနိုင်တော့ဘူး..

သူ့စိတ်ထဲမှာက...

Krist ကိုတွေ့ချင်တယ်..
Krist ရဲ့နားမှာရှိနေချင်တယ်..
Krist ဘာမှမဖြစ်ဖို့နဲ့
Krist နေကောင်းလာဖို့ ဘာမဆိုလုပ်ပေးမယ် ဆိုတာပဲ...

"Ai Joe...''

ခေါ်သံကြားလိုက်တာနဲ့ Joe တစ်ယောက်ကတော့မျက်ခုံးလှုပ်နေပြီပဲဖြစ်သည်...
သူတို့ရဲ့ကြံစည်မှုကြီးကို သူေဋ္ဌးသိသွားရင် သူအလုပ်ထုတ်ခံရလေမည်လား...

Khun Krist ကယ်ပါ...
မတော်လို့များ
Phi Sing ကအလုပ်ထုတ်ခဲ့ရင်
Khun Krist ရဲ့ကုမ္မဏီမှာကျွန်တော့အတွက်အလုပ်တစ်နေရာလောက်ပေးပါ...

"Phi....Phi Sing...''

"Krist....သူ...''

"အခန်းထဲမှာရှိတယ်...ဝင်....ဝင်သွားပါ..မြန်မြန်လေး...''

Joe ရဲ့ အထစ်ထစ်နဲ့စကားတွေကို
သတိမူမိရင်တောင်မှ Krist ကိုစိုးရိမ်နေတာကြောင့်လို့ပဲတွေးမိမယ့် Sing ဟာ သူ့ရဲ့လက်ထောက်ကျော်ကြီးက သူ့ကိုရောင်းစားလိုက်တာမရိပ်မိရှာဘူး...

ထိတ်လန့်တုန်ယင်နေတဲ့ရင်အစုံနဲ့ပဲ
အခန်းထဲကိုအပြေးဝင်သွားရှာတယ်..

ဒါပေမယ့်...

အခန်းတွင်းမှာကတော့..
သူကြောက်ရွံ့မိခဲ့တဲ့မြင်ကွင်းမျိုးရှိမနေဘူး..

အဲ့ဒီအစား...
ဝတ်စုံပြည့်နဲ့ ဟန်ပါပါရပ်နေတဲ့ လူတစ်ယောက်ကိုပဲတွေ့လိုက်ရလေရဲ့.....
နူတ်ခမ်းပေါ်ကမထီတရီနဲ့အောင်နိုင်သူလိုအပြုံးက သူ့ကိုမလှုပ်နိုင်အောင်အေးခဲသွားစေတော့တယ်..

"Khun Singto....ဘယ်လိုလဲ...
တော်တော်ဝေးဝေးမှပြေးလိုက်ရရဲ့လား...''

"........''

""""""""""""""""""""""

သူ့ရှေ့ကကော်ဖီခွက်လိုပဲအေးစက်နေတဲ့ Krist ရဲ့အကြည့်တွေကိုသူရင်မဆိုင်ရဲဘူး.....
ခက်ထန်မှုတွေပါရောပါနေတာမို့
အနည်းငယ်ထိတ်လန့်နေမိတာအမှန်ပဲ...
သူ့ကိုချစ်ခဲ့တဲ့ Krist က သူ့အပေါ်ဆိုအမြဲတမ်းချိုသာနူးညံ့နေတတ်တာ..
ခုလက်ရှိ Krist ကတော့ တစ်လောကလုံးကိုပိုင်စိုးထားရတဲ့လူတစ်ယောက်ရဲ့ အမူအရာမျိုးပဲ...
မောက်မာနေဟန်လည်းရှိသလို
ထီမထင်ဟန်လည်းရှိတယ်

Rewrite the StarsWhere stories live. Discover now