~4~

27.2K 2.2K 74
                                    

Unicode

" ပြန်ရအောင်...ကိုသု"

Fanတွေကို နှုတ်ဆက်ပြီးသည့်နောက်...
ကိုသုကိုပြန်ရအောင်ဟုသာ
ပြောလိုက်လေသည်။

"အင်းးဟုတ်ပြီ..ဒါပြီးရင်တော့
ဒီနေ့အစီအစဥ်က
မရှိတော့ဘူး နေ့လည်အိမ်ပြန်နားမလား
မင်းစက်"

"အိမ်ဘဲပြန်လိုက်ပါ...​
နေအပူအရှိန်က​ပျင်း​တော့
ခေါင်း​ကိုက်လာလို့"

"​အင်းး...ဆရာ၀န်​တော့မလိုဘူး.
ထင်ပါတယ်​နော်..အိမ်မှာရှိပြီးသားဆို​တော့အဟင်းး"

ကိုသုသည်...ဘက်စုံလက်ခံတဲ့သူတစ်​ယောက်ဖြစ်သည့်အ​လျောက် သူတို့အိမ်​ထောင်​ရေးကိုအဆင်​ပြေ​စေချင်သည့် လူတစ်​ယောက်ဖြစ်သည်။

ခက်တာကသူသည်..ဟိုလူနဲ့ပတ်သတ်
သည့်အရာများ ကြားရင် ဒေါသထွက်လာပြီး လက်ရှိခံစား​နေရတဲ့ရောဂါကိုပါ အဆတစ်ရာတိုး​လာစေသည်။

"ကိုသု..!!!"

မျက်​ထောင့်နီကြီးနှင့် ကြည့်လာသည့်
မင်းစက်ကိုမြင်​တော့ ကိုသုလဲဆက်
မစ​တော့ဘဲ ပြန်စကားဖာရ​တော့သည်။

မဟုတ်ရင်သ​ကောင့်သား​က
ခေါင်းကိုက်တာက​နေ​ ၊ ဒေါသအထွက်
လွန်ပီး ဒီ​နေရာတင်​မူးလဲ
မည့်အ​နေအထား။

"ဒီတိုင်းစတာပါကွာ..မင်းကလဲ.."

"​မောင်း​တော့ဗျာ..."

"​​​အေးပါကွာ..​မောင်းပြီ မောင်းပြီ"

**************&****************

"ဟို..ဒီ​နေ့ အ​ရေး​ပေါ်ရက်ချိန်းထားသည့်လူနာ​တွေက မနက်ပိုင်းတည်းကနဲ့ဆို
နှစ်​ယောက်ဘဲရှိတော့တာမလို့
အလုပ်နည်းတုန်း​လေး​
စော​စောအိမ်ပြန်အနားယူ
လိုက်ပါလား ​ဒေါက်တာ"

မနက်ပိုင်းမှာ ခွဲစိတ်ရမည့်လူနာများ
ပြီးသွား​တော့ ပိုင်ပိုင်ကိုယ့်အခန်းကို ပြန်
အနားယူ​​နေလိုက်သည်။

ထို့​နောက် လက်​ထောက်သူနာပြုမ​လေးက အခန်းထဲဝင်ခွင့်​တောင်း၍
ဆရာဖြစ်သူအားအနားယူရန်လာ​ပြော​ရှာသည်။

"အင်း...အဲ့ဆို ကျွန်​တော်အိမ်ပြန်လိုက်​တော့မယ်....တစ်ခုခုဆို..အလှည့်ကျ ​
ဒေါက်တာ​တွေကို သွား​ပြောလိုက်ပါဆရာမ"

^My Bad Guy ^(Z&U)Where stories live. Discover now