~17~

23.7K 1.7K 34
                                    


ဆေးရုံသို့လိုက်ပို့ပြီး မောင့်ကား​လေး
ထွက်သွားသည်ထိ ပိုင်ပိုင်​တစ်ဆုံး​ငေးကြည့်​နေလိုက်သည်။

........သူ့ အဆိုး​လေးက..တစ်လမ်းလုံး...
ဘာကို စိတ်​ကောက်​နေမှန်း ခုထိမသိ​ရချေ။.....

.....မဖြစ်နိင်​ပေမယ့် .တစ်ခါတစ်​လေ..​မောင့်စိတ်ကိုဖတ်နိင်သည့်.မှော်အစွမ်း​လေးရချင်သားး..

"ဟူး..."

"ညီ...ဘာ​တွေကို..သက်ပျင်းချ​နေတာလဲဟင်..."

"အာ...ကိုနိုင်"

အ​နောက်က​နေ​ နိင်ဝင်းတစ်​ယောက်.
..​ဆေးရုံထဲမ၀င်​သေးဘဲ...အ​ပေါက်၀မှာ
ရပ်​နေသည့်ညီ့ကို ..
ကြည့်​နေတာကြာပြီဖြစ်သည်။

အရင်နေ့​တွေက ချစ်စရာ​ကောင်းသည်မှန်​သော်လဲ ဒီ​နေ့​လေးက​တော့ ထူးကဲချစ်ဖို့​ကောင်း​နေသည်​ပေါ့​လေ။ထို့​ကြောင့် သူ့မှာအကြည့်​တွေကမခွာနိင်ဖြစ်​နေရသည်။

အနားသွား​တော့..သက်ပျင်းချသံ​လေး
သဲ့သဲ့ကြား​တော့...စိတ်ပူမိတော့ ​မေး
လိုက်ခြင်းဖြစ်​လေသည်။

"ကိုနိုင် ဒီနေ့ဂျူတီက..​နေ့လည်မှလား.."

"အွန်းးဟုတ်တယ်...အာ့​ကြောင့်ခုမှလာတာလေညီ..."

"​အော်..."

"ကဲ..​ဖြေပါဦး.."

လက်ပိုက်ပြီး..ညီ့အားတည့်တည့်ကြည့်
မေးငေါ့ပြ​လေတော့....

"ဟင်..ဘာကိုလဲ..ကိုနိုင်.."

ရုတ်တရက်..အစမရှိအဆုံးမရှိ..​ပြောချလိုက်သည့် ကိုနိုင်ဝင်းစကားကြောင့်...
ပိုင်ပိုင်​ကြောင်သွား​လေသည်။

"ခုနတုန်းက ကို​ယ်မေးတာ​လေ ဘာ​တွေကို..သက်ပျင်းချ​နေတာလဲလို့.."

"​အော်...မဟုတ်ပါဘူးးး..ဒီတိုင်းပါ...
ပါးစပ်ကဒီတိုင်းထွက်သွားတာ.."

"​အွန်း...သက်ပျင်းခနခနမချနဲ့အသက်တိုတယ်တဲ့ ကိုယ်ကြားဖူးတာ.ဒါနဲ့..ညီ့ကားလဲမမြင်ပါလား.."

"ဟုတ်...အဲ့ဒါ..​မောင်.လိုက်ပို့တာ..ဒီ​နေ့..ဘုရားသွားရင်း.."

"​အော်.....အရင်ကအဲ့လို သူအကြိုအပို့
လုပ်တာမမြင်ဖူး​လို့လေ..ကိုယ်က.."

^My Bad Guy ^(Z&U)Onde histórias criam vida. Descubra agora