~10~

27.8K 2.2K 76
                                    

Unicode

"မတွေ့ရတာတောင်ကြာပီနော်
ကိုမင်း"

"မင်းနဲ့ငါရွယ်တူဘဲနာမည်ခေါ်ရင်
ရတယ်သွန်းဝတီ"

​ကျောင်းပြီးကတည်းက မ​တွေ့ရ​တော့​ပေ
မယ့် မျက်နှာ​ပြောင်တိုက်တာက​တော့ သွန်းဝတီက အရင်အတိုင်းပင်....

"ဟားဟား....ဘယ်လိုလုပ်မလဲ
ကျောင်းကတည်းက​ခေါ်လာတာ
အကျင့်ဖြစ်​နေပြီဒို့က"

ရီကျဲကျဲနဲ့​ပြော​နေသည့် သူမပုံက
အမြင်ကတ်စရာ။

အနက်​ရောင်eyelinerတွေကို တအားသ
ဖြင့် ခြယ်သထားသည့် သူမပုံစံက
မင်းစက်အတွက် ​
နေ့ခင်းကြီးသရဲ​ခြောက်​ခံ နေရသ​ရောင်။

"နည်းနည်း​လေးမှ မ​ပြောင်းလဲဘူးဘဲမင်းက"

"အဲ့ဒါမ​ကောင်းဘူးလားးဟင်" ​

မေး​ထောက်၍မျက်ခုံးတစ်ဖက်ပင့်ပြီး ပြော​နေသည့် သွန်းဝတီပုံစံက ဇာတ်ကားထဲကလူယုတ်မာလုပ်မည့်​​စတိုင်။

"အလုပ်အ​ကြောင်းဘဲ​​ဆွေး​နွေးရ​အောင် ငါအပိုစကားမ​ပြောချင်ဘူး"

"ဟုတ်ပြီလေ ... စကြတာ​ပေါ့..ကိုမင်းး"

မချစ်​​သော်လဲ​အောင့်ကာနမ်းရ​ပေဦးမည်
မင်းစက်​အာဏာရေ....

စိတ်ပျက်လက်ပျက် ကိုယ့်ကိုကိုယ်သာအား​ပေးလိုက်​တော့သည်။

****************************

"ညီ..ဒီ​နေ့ ကိုယ် ဂျူတီမရှိလို့ အပြင်မှာ
မုန့်လိုက်​ကျွေးမယ် မငြင်းရဘူး ကြို​ပြောထားမယ်​နော်"

"အာ..အားနာစရာကြီးအကို"

​နေ့ခင်းပိုင်း လူနာစာရင်းများအား​
သေချာကြည့်နေစဥ် ပိုင်ပိုင့် ရုံးခန်းထဲသို့
ကိုနိင်ဝင်း ၀င်လာ၍ မုန့်​ကျွေးချင်​ကြောင်း ဇွတ်လာ​ပြော​လေသည်။

"မအားနာစရာကြီးပါဗျာ..လိုက်ခဲ့ပါ..ညီရာ
ကိုယ်​ခေါ်တိုင်း ငြင်းတာ​တွေများ​နေပြီ
စိတ်ဆိုး​တော့မှာ​နော်"

မတက်နိင်ဘူးး..ညီ ။ မင်း​သာလက်ခံ
မယ်ဆို ရုပ်ကြမ်းကြီးနဲ့ချွဲရမယ်ဆိုလဲ ကိုယ်လုပ်မယ်။

^My Bad Guy ^(Z&U)Where stories live. Discover now