~32~

17.4K 1K 20
                                    


"​မောင်ရယ်..ပင်ပန်းပါတယ်...ငါပါလိုက်ခဲ့မယ်​လေ​နော်.."

"ကိုကိုလိုက်ရင် ပိုပင်ပန်းတယ်..."

စူပုတ်ပုတ်​လေး​ပြောလာသည့်​မောင့်​ကြောင့် ပိုင်ပိုင်ရင်ထဲထိတ်သွားရသည် ။
သူက​မောင့်အတွက်ဘာလို့ပင်ပန်း​စေသည်လဲ...

"ဟင်...ဘာ..ဘာလို့လဲ​မောင်..."

"​ဟူးး..ခုသွား ဖျော်​ဖြေရမှာက ​တောင်ကြီး​ဘက်​လေ အာ့မှာကအရမ်းချမ်းမှာ...​
မောင်​ဖျော်​ဖြေ​နေချိန် ကိုကိုချမ်း​နေရင်ဘယ်လိုလုပ်မလဲ.."

"ဘာ..ဆိုင်လို့တုန်း​​မောင့်ရဲ့.."

"​မောင်ရင်ခွင်က ကိုကို့ရဲ့အ​နွေးဓါတ်​လေး​လေ ​မောင်မရှိ​တော့ ကိုကိုတစ်​ယောက်ထဲချမ်း​နေခဲ့​မှာ​ပေါ့ဟိုတယ်မှာ
မောင်ကပိုပီးစိတ်ပူပန်ရတာ​ပေါ့ ကိုကိုရာ.."

အူတူတူ​လေးနှင့် မျက်လုံး​လေးကလည်လည်
ဖြင့် ခုထိဘာ​ပြောမှန်း​သေချာမသိ​သေးသည့် ​​ရှေ့ကလူသား​လေးအား ပါး​လေးဖဲ့ပီး
အသဲတယားယားနှင့် ​​ပြောလိုက်သည်။

"ဟာ..လူကအ​ကောင်းမှတ်လို့.."

ခုမှသ​ဘော​ပေါက်သွားသည်ထင် လက်​သေး​​​သေးလေးများဖြင့် ရင်ဘက်​ပေါ်သို့ ဖွဖွ​လေးလာထုပီး မျက်​စောင်း​​လှလှ​​​လေးတွေပါ အစစ်ထည့်​၍ လူကိုကြိုက်သလိုပြုမှု​နေ​လေသည်။

"ဟာ..ဒါ..အ​ကောင်း​ပြောတာ​လေဗျာ...."

"​တော်ပီ..​ဘေးဖယ်​တော့..အ၀တ်​တွေထည့်ရ​တော့မယ်..မနက်ကျ ကိုသုအ​စောကြီးလာ​ခေါ်မှာမလား..."

​မောင့်ကိုအတင်းတွန်းပီး ကုတင်​ပေါ်ကအဝတ်​​တွေ​ပေါ်သာ လက်များကို ပြန်ထားရလိုက်​လေသည်။

"ကိုကို..."

"အွန်း..."

"ကိုကို..."

"အွန်းလို့.."

အဝတ်​တွေထည့်​ပေး ကုတင်​ပေါ်တွင် ​သေချာပစ္စည်းများတင်ပီး အကုန်ထုတ်​ပေး​နေသည့်
သူကို နည်းနည်း​လေးမှအားမနာ
အ​နောက်က​နေ
ခါးဖက်ပီး "ကိုကို " "ကိုကို" နဲ့ ​ခေါ်​​နေတဲ့
အဆိုး​​ပေလေး​မောင်...

^My Bad Guy ^(Z&U)Where stories live. Discover now