~34~

17.8K 1K 35
                                    


"ခုရက်ပိုင်းအစာမှန်သမျှမ၀င်ဘူးမလား ငပိုင်"

"အွန်း.."

"မင်း..ကိုယ်ဝန်ရှိ​နေပီ..."

"ဘာ......ဘယ်လို...!!!!"

ညီနိင့်အ​နောက်က​နေ မတ်တပ်ရပ်​နေရင်း ​မောင့်ဆီမှအရင် ဦးစွာ အံသြစကားသံထွက်ကျလာ​လေသည်။

"ငပိုင့်မှာ...ကိုယ်ဝန်ရ​နေပီမင်းစက်..ဂုဏ်ယူပါတယ်ကွာ...မင်းတို့နှစ်​ယောက်လူံး....."

"ငါ..ငါ့..မှာ....ကိုယ်ဝန်ရှိ​နေပီ..."

စိတ်ထဲမှအ​ပျော်လွန်ရုံတင်ပါမက အပြင်ဘက်တွင်မျက်ရည်များအဖြစ်ပါ လျှံကျလာ​တော့သည်။​နောက်ထပ် ချစ်ရသည့်
လူသား​လေးတစ်ဦး ဘ၀ထဲကို ၀င်လာ​တော့မည်မဟုတ်ပါလား...။

"​​မောင်..!"

ခုထိတုပ်တုပ်မှမလှုပ်ဘဲ စဥ်းစား​နေဟန် မျက်လုံးများဖြင့် ဂနာမငြိမ်သည့်​မောင့်အား
ကုတင်​ပေါ်မှ ပိုင်ပိုင်လှမ်း​ခေါ်လိုက်​လေသည်။

"အွန်း..အွန်းကိုကို..."

အ​တွေးထဲနစ်​နေတုန်း ကိုကို့​ခေါ်သံကြားမှ သတိ၀င်လာ၍ သူပြန်ထူးလိုက်​လေသည်။

"ဘာ​တွေ​တွေး​နေတာလဲ​မောင်...ဟင်....
မ​ပျော်ဖူးလား​မောင်​.."

"မ​ပျော်ဘဲ​နေမလား..ကိုကိုရယ်...​မောင့်မှာ
သားသားလား၊မီးမီးလားတောင်​
တွေးပီး စိတ်ကူးယဥ်​နေပီဗျာ.."

အနားသိူ့သွားပီး နှဖူး​ပေါ်က ဆံပင်​လေးများအား အသာအယာ သပ်တင်ပေးပီး ​ပြောလိုက်​တော့ အစွယ်​လေးနှစ်ခု​ပေါ်သည်အထိ ဖြီးပြ​လာလေသည်။

ကိုကို​ မောင့်အတွက်နဲ့ ပင်ပန်းရ​တော့မှာဘဲကွာ....

"အဟမ်း...ငါရှိ​သေးတာသတိရကြ..."

​ချောင်းဟန့်ပီး ​ပြောမှ ရမည်ဖြစ်​သော​ကြောင့် ညီနိင် စကားစရ​တော့သည်။မဟုတ်ရင် rs​တွေကလူ​​ရှေ့သူ့​ရှေ့လဲမ​ရှောင်....လုပ်ချင်တာလုပ်ကြမဲ့ဟာ​​တွေ..။

"ညီနိင်...အာ့ဆို..ပြန်​တော့​လေ.."

"..ဘာ...​အော်..ခု​တော့...ချစ်လှပါတယ်ဆိုတဲ့ သူငယ်ချင်းကြီးကို...ပြန်လွှတ်​တော့မယ်​ပေါ့...ငပိုင်"

^My Bad Guy ^(Z&U)Where stories live. Discover now