~1~

86.8K 3.2K 168
                                    


~ ဂျိန်းးးး~

ဘုရားခန်း​လေးထဲ​တွင် ပိုင်ဟိန်းခန့်
တစ်​​ယောက်ရေချမ်းကပ်​ဝတ်ပြုနေစဥ် အပြင်ဘက်မှမိုးခြိမ်းသံများကြား၍
ကိုယ်​လေးတုန်သွား​လေ၏။

ထို့​နောက် မိုးသဲကြီးမဲကြီးရွာရင်
မီးပျက်​တော့မှာဟု ကြိုတင်သိကာ
မြန်မြန်ဝတ်ပြုခြင်းအမှု့ကိုပြု
မီးအိမ်နဲ့ph​လေးကို​ကောက်ယူ
အောက်ထပ်သို့ဆင်းကာ
တံခါးအ​ပေါက်၀နား​​လေး
မောင့်ကိုထိုင်စောင့်​နေလိုက်​သည်။

"တီ....တီ..."

ဟော..ကားသံကြားပြီဖြစ်၍ ​မောင်လာ
ပြီဆိုတာသိမှသာ ထရပ်လိုက်ပြီး
ဧည့်ခန်းထဲသို့ သွားထိုင်​​နေလိုက်သည်။

"ဟိ...ဟိ...အာ...မဆိုးနဲ့​နော်ယူ.."

"ဟားးဟားးး..ဆိုးတာကဘယ်သူလဲ​ဘေဘီ"

ဧည့်ခန်းထဲ​သို့ရောက်သည်နှင့် အ​နောက်မှ
ချွဲပြစ်​နေ​သောအသံဖြင့် ပြော​နေသည့်
မိန်းက​လေးနှင့်မောင်ရဲ့ရီသံတို့က အိမ်ထဲတွင် နှစ်ဦးတည်း ရှိသည့်နှယ် ​​
ပြန့်လွင့်ကာကျည်စယ်နေကြ​သည်။

"ဟင်..သူဘယ်သူလဲ.....ကိုကို"

ဧည့်ခန်းထဲရောက်သည်နှင့် ​​မောင့်ဘေးကနှုတ်ခမ်းနီရဲရဲ စကပ်တိုတိုနှင့်ခပ်​​ဟော့ဟော့မိန်းကလေးသည် မောင့်ရဲ့
ရင်ဘက်အားပွတ်သပ်၍ ချွဲပြစ်စေးကပ်​​​ အသံကြီးဖြင့် သူ့အားကြည့်၍ စကားဆို​လေသည်။

တကယ်​တော့..အဆို​တော်
မင်းစက်အာဏာနှင့်သူ့အမျိုးသားကို
မသိစရာအ​ကြောင်းကမရှိ​ချေ။
ပွဲလန့်တုန်း..ဖျာခင်းထား ဆိုသည့်အတိုင်း..ကိုယ့်ဘက်ကို အပိုင်တွက်ထား၍ သူ့အားဂရုမစိုက်သည့်အချိုး လာလုပ်​နေခြင်းပေ။

ဘယ်သူလဲမေးကတည်းက
သက်သက်မဲ့သူ့အား ခနှဲ့နေသည်ဖြစ်၍
ပိုင်ပိုင် မျက်နှာသာဆန့်ကျင်ဘက်သို့
လွှဲထားလိုက်သည်။

"ကျစ်...မီးကခုထိလဲမပျက်​သေးဘဲကွာ
မိုး​လေးတစ်ဖြောင့်နှစ်ဖြောင့်ရွာတာကို ခင်ဗျားကဘာကိစ္စ မီးအိမ်​တွေကိုင်ပြီး
ငုတ်တုတ်လာထိုင်​နေတာလဲ"

အင်းးကြားရပါပြီ မောင့်အသံလေး..
နားဝင်မချိုတာကလွဲလို့..ကျန်တာ
အဆင်ပြေနေသေးတယ်မောင်...

^My Bad Guy ^(Z&U)Where stories live. Discover now