~15~

24.9K 1.8K 47
                                    

                   
"ချလပ်"

မီးပြန်လာပီဖြစ်၍ ​မောင်က..ဖက်ထားရာမှ..​.
ဖြေး​ဖြေးချင်း..လွှတ်၍...လူကိုမကြည့်ဘဲတန်းထွက်သွား​​လေသည်။

အင်း...​မောင့်အတွက်ဒါ​က...ခက်ခဲမှာဘဲ
မဟုတ်လားးး.....

ပြန်ချစ်ပါလို့တော့မ​​တောင်းဆိုချင်ဘူးမောင်...
ဒါပေမယ့်..ဘယ်သူမှတော့..မချစ်လိုက်ပါနဲ့...
ငါသေသွားလိမ့်မယ်ထင်တယ်...

ထို့​နောက်...ကိုယ့်အခန်းသို့..သွား၍
အတွေးများနှင့် အိပ်ရာပေါ်သို့လှဲကာ
စဉ်းစားနေမိသည်။

ဒီ​နေ့အတွက်​လဲ...အိပ်မက်​လေးက..​.
ကောင်း​ဦးမည်ထင်ပါတယ်..​မောင်ရယ်...

****************************

"Ring......"

"Hello...." 

မနက်​စော..​စော..ဘယ်သူမှန်းမသိ​သော်လဲ အိပ်ချင်မူးတူးဖြင့် မင်းစက်​ကောက်ကိုင်လိုက်​လေသည်။

"ခုထိ အိပ်ရာကမထ​သေးဘူးလားး...သား"

"အာ..ဟုတ်..မားး..ခုထ​တော့မလို့.."

အိမ်ခွဲ​နေ​​ပေမယ့်..ခုထိ သူphဆက်တိုင်းအိပ်ရာ​​စော​စောမထရင်..​ဆူ​လေ့ရှိသည့်
မားအ​ကြောင်းသိ၍ မင်းစက်...အမြန်
ပိတ်​ပြောရ​သည်။

"အွန်းး..ထ​တော့ ဒီ​နေ့..နားလားး
အလုပ်က"

"နားတယ်လို့​တော့မဟုတ်ဘူးး...လုပ်စရာ​တွေ​တော့ရှိတယ်မား...မားးဘာခိုင်းစရာရှိလို့လဲ"

"အွန်းး..မနက်ပိုင်းး..ဘုရားကြီးသွားပြီး မား ကိုယ်စားပန်းသွားလှူ​ပေးဦး
ခို​တွေ​ရောအစာ​ကျွေးပြီး ကုသိုလ်လုပ်​ပေးပါဦး"

"ဒီ​နေ့က..မား​မွေး​နေ့လဲမဟုတ်ပါဘူးး...
ဘာလို့တုန်းမားး"

"​အော်..ဒီက​လေး​လေးနဲ့အမေကလုပ်ဆိုလုပ်လိုက်​လေ....ပြီး​တော့..သားပိုင်
ရော​ခေါ်သွားဦး"

"ဟမ်...ဟာ...မားကလဲလုပ်ပြီဗျာ.."

မ​​နေ့ညတည်းက...မင်းစက် ရင်ဘက်ထဲမှာ
ဟိုလူ့ကို...ဖက်ထားရတာ​ကြေင့်...
အသားချင်းပူးကပ်ထား၍လားး....
ခုရက်ပိုင်းဘဲ အချိန်မအားသည်နှင့်
ဘာမှမလုပ်လို့လားမသိ စိတ်ကဂနာ
မငြိမ်ဘဲ ဟိုစိတ်​တွေဖြစ်​လာ​သော​
ကြောင့် မီးပြန်လာချင်း.....ကိုယ့်အခန်းသို့
အမြန်​ပြေး၀င်ပြီး ဖြေရှင်းလိုက်ရ​လေ
သည်။

^My Bad Guy ^(Z&U)Where stories live. Discover now