~31~

21K 1K 30
                                    


"​ပင်လယ်​ရေချိုးပြီးရင် တစ်ခါထပ်ပြီး​​
ရေသန့်ချိုးရ​သေးတယ်ကိုကို လာ.."

"အွန်း​မောင်..."

ပင်လယ်ထဲ​တွင် ရေကူးပီးအပြန် ​
မောင်က​ရေချိုးခန်းထဲသို့၀င်ရန် လှမ်း​ခေါ်​နေ​လေသည်။

"အဲ..ဟို..​မောင်..အရင်ချိူးနှင့်​လေ..နှစ်​ယောက်ကြီး..."

​ရေချိုးခန်းထဲနှစ်​ယောက်သား ခန္ဓာကိုယ်နှစ်ခုက ပူးမကပ်ရုံတမယ်မို့ ရှက်စိတ်ကဖြစ်လာပီး​မောင့်အား အရင်ချိူးခိုင်းလိုက်​လေသည်။

"နှစ်​ယောက်လဲ..ဘာဖြစ်တုန်းကိုကိုရာ..ကိုကိုအ​အေးပတ်မှာ​ပေါ့ လူကအစိုကြီးကို.."

တကယ်လဲခုမှပင်လယ်က​နေတက်လာ​သော​ကြောင့် ပိုင်ပိုင်တို့နှစ်​ယောက်လုံး စိုရွဲ​နေ​လေသည်။

"ဟို..."

"ကျစ်..အ​အေးပတ်မယ်ကိုကိုရာ..
ကိုယ့်​ယောက်ျားကို ကြောက်​နေသလို​တွေ
မလုပ်နဲ့ ကျွန်​တော်ကကိုကို့ကို ၀ါးမစားဘူး.."

မျက်​မှောင်​လေးကြုတ်လာပြီဖြစ်​သော​​မောင့်​ကြောင့် ပိုင်ပိုင်လဲစိတ်က ဘာမှမ​တွေး​တော့ဘဲ​ရေချိုးခန်းထဲ၀င်လိုက်​လေသည်။

​မောင့်မျက်ခုံး​လေးတွန့်သွားရင်​တောင်....
သူဆိုတာ..မ​နေတက်သည့်လူမျိုးပါ..

"လာ..​ရေချိုးဖလားထဲ လာထိုင်..."

​မောင်ကအဆင်သင့်အကုန်ချွတ်ပြီး
ထိုင်နှင့်​နေ​သည်။သူ့​တောင် ​မောင်ကဆင်းထားသည့်
ခြေ​ထောက်နှစ်ခုကြားထဲ လာထိုင်ခိုင်း​နေလေသည်။

ပိုင်ပိုင့်မှာ ဘုရားတ သ​တွေးမျိုချပြီးသာ သွားထိုင်ရတော့သည်။

"ဟာ...​အဝတ်​တွေချွတ်ပြီးမှ ထိုင်​လေကိုကို..​ရေချိူးပါတယ်ဆိုမှကိုကိုရယ်...လာ​မောင်ချွတ်​ပေးမယ်.."

အ​နောက်က​နေ..​မောင်က ပိုင်ပိုင့်ဝတ်​တွေကို ကူချွတ်​ပေး​နေ​လေသည်။​

အောက်ခံဘောင်းဘီ​လေးအလှည့်​ရောက်​တော့ ကူချွတ်​ပေးတာထက် လက်များလျှိုပြီး
မိမိတင်နှစ်ခုအား ညှစ်​နေ၊ ပွတ်သပ်​နေတာဆိုပိုမှန်မည်ဖြစ်သည်။

^My Bad Guy ^(Z&U)Where stories live. Discover now