~8~

26.1K 2K 47
                                    

Unicode
... ဗုန်း!!!!!!!....

မင်းစက်တစ်​ယောက် ဧည့်ခန်းထဲ​ရောက်​ရောက်ချင်း အိမ်​ပေါ်ကအသံ​ကြောင့်
ရုတ်တစ်ရက်​ကြောင်သွား​လေသည်။
ဟိုလူရှိ​နေတာမလား က​လေးလဲ
မဟုတ်ဘဲ အသံမြည်​အောင်​တော့မ​ဆော့​လောက်ပါဘူး။

"မဟုတ်မှ.....ကိုယ့်ပါကိုယ် သတ်​သေတာ​တွေ.."

အ​​တွေးထက် ​​ခြေလှမ်းများက ​
ဆောက်တည်ရာမရစွာ ​​လှေကား​ပေါ်သို့ အလျင်​ပြေးလိုက်မိသည်။

မဟုတ်​လောက်ပါဘူးမဟုတ်လား...အဲ့လောက်ထိ​တော့ မလုပ်လောက်ဘူး
မလားးး ။

ကျွန်​တော်အပြစ်သား တစ်​ယောက်လို ဘဝကိုမကုန်ဆုံးနိင်ဘူး။

"ကျွီ"

မရဲတစ်ရဲအခန်းတံခါးကို ဖွင့်ကြည့်
လိုက်တော့ ကြမ်းပြင်မှာ​လဲကျ​နေသည့် ဖြူဖြူပါးပါးခန္ဓာကိုယ်​သေး​သေး​လေး....

"ဟို.....ကို....ကိုကို..ခင်ဗျားဘာဖြစ်တာလဲ"

မ​ခေါ်ဖြစ်တာ ကြာသည့်နာမ်စားက
အစပိုင်းမှာတင် ထစ်​နေ​လေသည်။

ရုတ်တစ်ရက် မူးလဲသလို ပုံစံမျိုးဖြစ်
သည့်အတွက် သူထင်တာ မဟုတ်တာ​ကြောင့်လဲနည်းနည်း​တော့ စိတ်​အေးရ
ပြန်သည်။

ထို့​နောက် ဖြူဖြူပါးပါးခန္ဓာကိုယ်​ကို မပြီးခုတင်​ပေါ်တင်ရ၏။

ငယ်ငယ်ကတည်းက သူချီ​နေကြအတိုင်း
မ​ပြောင်းလဲ​သောအ​လေးချိန်အား အံသြမှု့
အရင်ဖြစ်ရပြန်။

"မဟုတ်မှ သူအစား​ကောစားရဲ့လား"

ထို့​နောက်တော့......

"Ring......."

"Helloကိုညီနိင်လား"

"​အေးးဘယ်သူလဲ"

"ကျွန်​တော်မင်းစက်အာဏာ....အကို့ရဲ့
သူငယ်ချင်းမူးလဲ​နေလို့
အိမ်လာ​ပေးပါဦး"

"​ဟမ်...အေးးးး​အေးး dutyချိန်​တွေ
မရှိ​တော့လို့​တော်​သေးး ခုလာခဲ့မယ်​နော်ငါ့ညီ"

"အင်းး"

မိသားစုအတွက်က ဆရာ၀န်ရှိပြီး
သား​ပေမယ့်
ဒီဆရာဝန်ကိုကုဖို့​တော့ သူ့ရဲ့အချစ်ဆုံး
သူငယ်ချင်းကြီး ကိုညီညီနိင် ကိုဘဲလှမ်း​ခေါ်ရ​တော့သည်။

^My Bad Guy ^(Z&U)Where stories live. Discover now