Philophobia - 5 (ZG)

Start from the beginning
                                    

"မင်း မှားတယ် ပြည့်။ ဘယ်ချိန်ပြန်လာမယ်မှန်းမသိတဲ့လူတစ်ယောက်ကို စံလင်းက စောင့်နေမယ်ထင်လား။ ပြီးတော့ မင်းနဲ့သူက အခုထိ သူစိမ်းတွေလေ"

"ကျွန်တော် သူ့ကို ဖွင့်ပြောနိုင်မှာ မဟုတ်ဘူး မသော်"

သူ ကြောက်သည်။ သူ့လို မပွင့်မလင်းနဲ့ လူတစ်ယောက်ကို စံလင်း မည်မျှကြာအောင် ချစ်ပေးနိုင်မည်နည်း။

"မင်းကပျော့လိုက်တာကွာ။ တကယ်ချစ်ရင် ကြိုးစားကြည့်ရမှာပေါ့ ငါ့မောင်ရဲ့"

မသော်စကားကြောင့် ပြည့်ဖြိုးငြိမ်ကျသွားသည်။ ဟုတ်သည်။ သဘောကျနှစ်သက်ပါသည်ဟု တွေးနေရုံနှင့် အချစ်တစ်ခုမဖြစ်လာနိုင်ပေ။

ထိုလူသားကို ချစ်ပါရက် အဘယ်ကြောင့်များ တွန်းထုတ်နေခဲ့မိသနည်း။ ထိုလူသားက နီးစပ်ဖို့ ကြိုးစားသလောက် သူ ဘာလို့များ ထွက်ပြေးနေခဲ့မိသနည်း။

သူ့ကဲ့သို့လူမျိုးကိုပင် စံလင်းက စောင့်​နေလိမ့်မည်ဟု ဘယ်ကများယုံကြည်ချက်တွေရခဲ့လေသနည်း။

"အစ်မတော့ မင်းကို ပြန်စေချင်တယ်။ ခုအချိန်ထိ မင်း ဘယ်လောက်တောင် အခ်ျန်ဖြုန်းခဲ့ပြီးပြီလဲ ပြန်စဉ်းစားကြည့်ဦး။ စံလင်းကို သနားရင် မင်းအမြန်ပြန်ပြီး ဖွင့်ပြောသင့်တယ်။ အင်း... ချက်ချင်းမပြောနိုင်ရင်လည်း တွေ့နေရတော့ မကောင်းဘူးလား"

"အမေတို့ သူ့ကို ဒုက္ခပေးရင်"

"ချစ်ရင်ကာကွယ်ပေါ့ကွာ"

မသော် စကားများကြောင့် သူယုံကြည်ချက်တွေ ခိုင်မာလာရသည်။ သူ စံလင်းကိုချစ်သည်။ ထိုလူသားမျက်နှာကြောင့်ပဲ အရာရာရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်မလား။

ကိုယ်ပိုင်ဝင်ငွေဖြင့် ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်သည့်နေ့တွင်တော့ ဖွင့်ပြောတော့မည်ဟုသာ ရည်ရွယ်ရင်း.....

"မသော် ကူညီပေးပါ"

မဆိုင်းမတွ ခေါင်းညိတ်ရှာသည့် မသော်။

မသော်နှင့် သဘောတူညီကာ မိခင်ဖြစ်သူကို နားချနိုင်ခဲ့သည်။ မြန်မာပြည်သို့ ပြန်လာနိုင်ခဲ့သလို မသော် အကူညီဖြင့် သူ အလုပ်လည်းရခဲ့သည်။ မသော်တို့​၏ ရန်ကုန်ဟိုတယ်တွင် ရိုးရိုးဝန်ထမ်းဝင်လုပ်ရင်းဖြင့်သာ သူ ကိုယ်ပိုင်ဝင်ငွေလေးရှာနိုင်ခဲ့ပြီမလား။

ချည်တိုင် [ Philophobia ]Where stories live. Discover now