(၂၄)

11K 1.2K 56
                                    

" နားလည်ကြလား ။ စာမေးပွဲနီးပြီနော်။ စာတွေစလုပ်ကြတော့"

"ဟုတ်ကဲ့ လောင်ရှိ"

စာမေးပွဲကြီးနီးပြီမို့ ဆရာမဆီမှ ဩဝါဒခြွေသံကို နားထောင်နေရ​၏။ နောက်ဆုံးအတန်းချိန်ဖြစ်သည်မို့ ပြည့်ဖြိုးထိုင်နေကျ နေရာလေးကို မသိမသာ အကဲခတ်မိသော်လည်း မနက်ခင်းကတည်းက လွတ်နေသည့်နေရာလေးက ယခုတိုင်မပြောင်းမလဲရှိနေဆဲသာ။

" ကလေးတွေ နောက်တစ်ပတ် နောက်ဆုံးကျူတိုရှိမယ်နော်"

"လောင်ရှိကလည်း"

"အပြည့်ပေးလိုက်ပါတော့"

"လောင်ရှိရာ"

စာသင်နှစ်တစ်နှစ်တာ ကုန်ဆုံးတော့မည်မို့ ကျောင်းသား၊ ကျောင်းသူတို့​၏ လက်တည့်စမ်းကာ တရုတ်လိုမတောက်တခေါက်ပြောဆိုသံတို့က အခန်းတွင်းဆူညံစွာပေါ်ထွက်လာ​၏။

"ရှူး....စာဆက်သင်မယ်"

"ကျောင်းဆင်းတော့မှာ"

"လောင်ရှိကလည်း"

တရုတ်မေ​ဂျာပေမို့ 'ဆရာမ' ဟုခေါ်ရမည့်အစား တရုတ်အခေါ်အဝေါ် လောင်ရှိက မသိမသာ အစားထိုးဝင်ရောက်လာသည်မှာလည်း ကြာခဲ့ပြီ။

" စံလင်း လိုက်ရေးလေ"

"ဟမ်"

ပြည့်ဖြိုးဟန်အကြောင်းတွေးတောနေမိ၍ အရှေ့မှ ဆရာမ​၏ သင်ပြမှုဆီလည်း စံလင်းစိတ်မရောက်။ အမှန်အတိုင်းဆိုလျှင် သည်ရက်ပိုင်း ပြည့်ဖြိုးအိမ်မှ ခဏခဏ ပျောက်သွားတတ်​၏။ ယခင်လို ကောင်မလေးများနှင့်ပွေရှုပ်နေခြင်းမဟုတ်သည့်တိုင် အကြောင်းပြချက်မရှိ ပျောက်သွားတတ်၍ သူအနည်းငယ်တော့ စိုးရိမ်နေမိသည်။

"တီး တီး"

"ကဲ နောက်တစ်ပတ်တွေ့မယ်နော်"

ကျောင်းဆင်းခေါင်းလောင်းသံကြောင့် အလျှိုအလျှိုထွက်သွားကြသော ကျောင်းသား၊ ကျောင်းသူများ။

" စံလင်း မင်းကတိတည်ပါစေနော်"

"အေးပါကွာ။ စိတ်ချ"

လင်းသန့်ဦးနှင့် အနည်းငယ် အနေစိမ်းသွားသော်လည်း သက်သေနှင့်တကွ အမိဖမ်းရဦးမည့်သူမို့ စံလင်း ခါးခါးသီးသီးမဆက်ဆံနိုင်သေး။ သူငယ်ချင်းပင်ဖြစ်စေကာမူ လင်းသန့်​၏ လုပ်ရပ်ကြောင့် သူမည်မျှ အထိနာခဲ့ရသနည်း၊ မည်မျှ သိက္ခာကျဆင်းခဲ့ရသနည်း။

ချည်တိုင် [ Philophobia ]Where stories live. Discover now