(၂၆)

10.6K 1.2K 76
                                    

စာသင်နှစ်တစ်နှစ်​၏ ပထမဦးဆုံး
ကျောင်းတက်ရက်ဖြစ်​သည်။

စံလင်းတို့ကိုယ်တိုင်ပင် စီနီယာဟူသော ရာထူး၊ တံဆိပ်တို့ဖြင့် ကြွကြွရွရွကျောင်းတက်ရတော့မည့် နှစ်တစ်နှစ်ဆိုလျှင်လည်း မမှားလှ။

" ပြည့်ဖြိုး ငါဒီနေ့ မင်းနဲ့လိုက်ခဲ့လို့ရလား"

"ဘာလို့လဲ"

"လုပ်ပါကွာ။ ဒီနေ့ နည်းနည်း နေမကောင်းချင်နေတော့ စက်ဘီးလည်း မနင်းချင်ဘူး။ နော် ဟေ့ကောင်။ ငါလိုက်ခဲ့မယ်နော်"

ကာယကံရှင် ခွင့်ပြုသည် ခွင့်မပြုသည်ကိုအပထား၊ စံလင်းကတော့ ကားလေးပေါ်စွေ့ခနဲတက်ကာ အခန့်သားထိုင်ပြီးသားဖြစ်နေလေပြီ။

" စုန်း ခါးပတ် ပတ်"

ကားလေးက ရေကျော် စီးတီးမတ်ကိုကျော်လွန်ကာ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လျှက်ရှိနေ၏။ စာသင်နှစ် အသစ်တစ်ခု​၏ ပထမဦးဆုံးနေ့စွဲဖြစ်သည်မို့ အရာရာကတော့ လန်းဆန်းသစ်လွင်လို့။

" ဟေ့ကောင် ဟိုနေ့က ဒီနားမှာလေ"

ကားမောင်းနေသည့် ပြည့်ဖြိုးဟန်ကို ဘေးနားမှ စံလင်းသည် ယခင်က မပြောခဲ့ရသမျှ အတိုးချနေသည့်နှယ် စကားတတွတ်တွတ်ပြောရင်း အဖော်ပြုပေးနေပြန်​၏။

ဒုတိယနှစ်စတင် တက်ရောက်ရမည့်နှစ်သို့ရောက် ရှိခဲ့သလို စံလင်းတို့နှစ်ဦး​၏ ဆက်ဆံရေးသည်လည်း အချိန်နှင့်တပြေးညီ တစ်စတစ်စပြောင်းလဲလာခဲ့သည်ဟု ဆိုရမည်။ ပြည့်ဖြိုးဟန်​၏ ယခင်ကကဲ့သို့ ဟေ့ကောင် ၊ ဟိုကောင် သို့မဟုတ် အခိုင်းခံ ဟုခေါ်သံအစား "စုန်း" ဟူသော အမည်နာမက အစားထိုးဝင်ရောက်လာ​၏။ တိတိကျကျပြောရလျှင် ဇံထူးနှင့်သုံးဦးသားဆုံတွေ့မှုနောက်ပိုင်းက စတင်သည် ဆိုပါတော့။

အကြောင်းအရင်းကို မေးမြန်းလျှင်လည်း နေ့မအား ညမအား ၊ အမြဲတစေ အလုပ်နှင့်လက်မပြတ်တတ်သူမို့ "စုန်း" ဟု ခေါ်ကြောင်း ပြည့်ဖြိုးက မဆီမဆိုင် ရှင်းပြလိမ့်ဦးမည်။

"ဟာ ကျောင်းသားကတ် မေ့လာပြီ"

ကျောင်းအနီးတဝိုက်ရောက်ကာမှသာ သတိရလေ့ရှိသည့် ကျောင်းသားကတ်ကိစ္စက မရိုးရလေအောင် ယနေ့လည်း စံလင်းမေ့လာပြန်​၏။

ချည်တိုင် [ Philophobia ]Where stories live. Discover now