(၂၇)

10.5K 1.1K 144
                                    

ကျောင်းတက်ရက်တို့က ပုံမှန်အတိုင်း လည်ပတ်နေသည်​။ သူတို့အတန်းအတွင်း ပြောင်းလဲမှုတစ်စံတရာမရှိသည့်တိုင် တစ်စုံတစ်ဦးကတော့ ပျောက်ချက်သားကောင်းနေသည်မှာ တစ်ပတ်ပင်ကျော်တော့မည်။

လင်းသန့်ဦး။ ယမန်နေ့ကတည်းက ကျောင်းတွင် မတွေ့ရသည့်သူက အဆက်အသွယ်လည်း မရ။

"စုန်း ကန်တင်း သွားမယ်"

ကျောင်းဝင်းအတွင်း ဟီုဟိုသည်သည်မှ ဆူညံသံများ။

"ငထူးကိုခေါ်လိုက်ဦးမယ်"

သည်ရက်များအတွင်း သူတီု့သုံးဦး အတူတကွ အချိန်ဖြုန်းဖြစ်ကြသည်။ စံလင်း​၏ ရည်ရွယ်ချက် တစ်ဖြစ်လဲ ထိုသူနှစ်ဦး ပြန်လည်အဆင်ပြေပါစေဟူသော ဆန္ဒကလေးက အလှမ်းဝေးသေးသည့်တိုင် မျှော်လင့်ချက်ရေးရေးကလေးတော့ ပေါ်နေပြီမလား။

"ငထူး"

ခပ်သုတ်သုတ်လျှောက်လာရင်း ခုံဆွဲကာ စံလင်းနံဘေးတွင် ဝင်ထိုင်ရှာသည်။

"စုန်း နေရာလဲမယ်"

ပြည့်ဖြိုးဟန်​၏ တုံးတိပြောချလာမှုအဆုံး ကြောင်သွားရသူက သူတို့နှစ်ဦး။

"စံလင်း ငါပြောဦးမယ်"

ရုတ်ချည်းဆိုသလို ပခုံးကို သိုင်းဖက်ကာ စကားကောင်းနေသည့် ဇံထူးကို သူမငြင်းဆန်နိုင်။ ပြည့်ဖြိုးကို အကဲခတ်မိတော့ မကျေမချမ်း  ဟန်ဖြစ်နေသည်က ထမင်းကြော်ပန်းကန်ကလေးနှင့်။

"စံလင်း ဟိုကောင့်ကို ပြောပြီိးပြီလား"

လင်းသန့်ကို ခွင့်လွှတ်မည့်အကြောင်း သူယခုတိုင် ပြည့်ဖြိုးကို မပြောဖြစ်သေးပါ။

"ဘာလဲ။ ဘာအကြောင်းလဲ"

"ဒီိလိုကွာ"

ဇံထူး​၏ ပြောစကားများကို အာရုံစူးစိုက်စွာနားထောင်နေသည်ကို မြင်ရတော့လည်း သူ စိတ်ချမ်းသာရသည်။ အခြေအနေတွေ တည်ငြိမ်သွားသည့်တစ်နေ့တော့ သူတို့လေးဦး ရင်းရင်းနှီးနှီး နေချင်သေးပါရဲ့။

ချည်တိုင် [ Philophobia ]Wo Geschichten leben. Entdecke jetzt