မိုးရာသီ၏ လေထန်သောနေ့တစ်နေ့.....
အဆင်ပြေသလိုနေရင်း အဆင်ပြေနေကြသည့် သူတို့နှစ်ဦး၏ အိမ်ကလေးကတော့ နေ့လည်ခင်း၏ နေရောင်ခြည်နွေးနွေးအောက်တွင် အနည်းငယ်မျှပင်လှုပ်ရှားမှုရှိမနေသေးပေ။
"ဒေါက် ဒေါက်"
ကန့်လန့်ကာ ဆီမှလာသည့် နေခြည်တန်းက ဧည့်ခန်းအတွင်းဖြာကျလျှက်ရှိနေ၏။ အနည်းငယ်လှစ်ထားသည့် ပြတင်းတံခါးဆီက လေစိမ်းတို့ကြောင့် အနီးအနားရှိ ပန်းအိုးကလေးက မယိမ်းချင် ယိမ်းချင် ဖြတ်ခနဲ ယိမ်းသွားသည်။
"ဒေါက် ဒေါက်။ ပြည့်ဖြိုးဟန်"
စံလင်း၏ အိပ်ခန်းတံခါးလေးက ဖြည်းညှင်းစွာပွင့်လာသည်။
"ဘယ်သူလဲ"
အိပ်ရေးမဝ၍ ကျိန်းစပ်နေသည့် မျက်လုံးကို အသည်းအသန်ပွတ်ရင်း တံခါးမကြီးဆီလျှောက်လာမိတော့ အချိန်က မနက် ခြောက်နာရီတိတိ။
"ပြည့်ဖြိုးဟန် ရှိတယ်မလား"
တံခါးဖွင့်လျှင် ဖွင့်ချင်း တွေ့လိုက်ရသည်က တံခါး ဝတွင် အလောတကြီးရပ်နေသည့် အမျိုးသမီးတစ်ဦး။
"ဟုတ်ကဲ့။ အန်တီက ဘယ်သူလဲခင်ဗျ"
"သူ့အမေ"
ပြောပြောဆိုဆို စံလင်းကို တွန်းကာ ဧည့်ခန်းဆီဆိုက်ဆိုက်မြိုက်မြိုက်သွားရင်း ထိုင်သည်။
ခဲပြာရောင် ရှပ်အင်္ကျီနှင့် စတိုင်ဘောင်းဘီအမည်းရောင်ကို ကျော့ကျော့လေးဝတ်ကာ ကျကျနန ထိုင်နေပုံမှာ ဂုဏ်မောက်သည့် အမျိုးသမီးတစ်ဦးနှယ်။ ဆံကေသာတိုတိုနှင့် ခြယ်သထားသည့်မျက်နှာကလေးက ခေတ်ဆန်သည့်အသွင်ကို အတိုင်းသား ဖော်ပြနေသယောင်။
"မင်း ပြည့်ဖြိုးဟန်ကို နှိုးပေးမလား"
အနည်းငယ် မာကြောလှသည့် လေသံဖြစ်လင့်ကစား ဒေါသဖြစ်နေသည်ကအတိုင်းသားပေါ်နေသည်။
"ဟုတ်ကဲ့။ ခဏလေးနော် အန်တီ"
"အိုကေဓ"
ကပျာကယာ ပြည့်ဖြိုးအခန်းဆီ ပြေးကာ နှိုးရုံပဲရှိတော့သည်။ မည်သို့သော အကြောင်းအရင်းမှန်းမသိသည့်တိုင် အခြေအနေမကောင်းလှသည်ကိုတော့ စံလင်းရိပ်မိပါသည်။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️