Philophobia - 3

3.9K 442 0
                                    

"သား ခုချိန်ကစပြီး သူက မင်းအမေပဲ"

မျက်စိရှေ့တွင်ရပ်နေသည့် သားအမိနှစ်ဦးကိုကြည့်ရင်း ပြည့်ဖြိုးမှင်သက်နေမိသည်။ မည်သ်ို့သောအကြောင်းပြချက်မျိုးကြောင့်များ သားဖြစ်သူ သူငယ်ချင်းအရင်းခေါက်ခေါက်​၏ မိခင်နှင့် ဤကဲ့သို့ တစ်အိုးတစ်အိမ်ထူထောင်လိုက်လေသနည်း။ ဤသည်မှာ မိခင်ဖြစ်သူ ဇံထူးဆီမှ စာလာလေတိုင်း ကန့်ကွက်သည့် အကြောင်းပြချက်သာဆိုလျှင်......

"သားက ထွားလာလိုက်တာ။ အန်တီဖြင့်မှတ်တောင်မမှတ်မိချင်ဘူး"

ငယ်စဉ်က တစ်ခုခုဆိုလျှင်ပြေးကာရင်ဖွင့်ခဲ့ရသည့် အန်တီ။ ဇံထူးနှင့်ပတ်သက်မှ သိခဲ့ရသော်လည်းသူ့အပေါ် သားအရင်းနှင့်မခြားနွေးထွေးပေးခဲ့သည့်အန်တ်ီ။ ဒါဆို အန်တီသူ့အပေါ်ကောင်းပေးခဲ့သည်က ဖေဖေ့ကြောင့်လား။

"ဇံထူးနဲ့လည်းမတွေ့တာ သုံးနှစ်လောက်ရှိရောပေါ့။ မင်းတို့တွေ အဆက်အသွယ်တော့ရှိတယ်ဆို။ သားထူးပြောတယ်"

ပြည့်ဖြိုးစိတ်ထဲဝမ်းနည်းလာသည်။ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူထံမှ သစ္စာဖောက်ခံလိုက်ရသည့်ခံစားချက်မျိုး။ ဇံထူးကပါ သိနေလျှက်နဲ့ သူ့ကိုချန်လှပ်ထားခဲ့သည်တဲ့။ နောက်ဆုံးတော့ သူ့အပေါ် ဘယ်သူမှ စိတ်ရင်းမဟုတ်ကြောင်းလက်ခံလိုက်ရတာပါပဲ။

"ကဲ သား အပေါ်ထပ်မှာ အထုပ်တွေချလေ။ မင်းနဲ့သားထူးအခန်းကပ်ရက်ပဲ"

သူဘာမှမပြောနိုင်ဘဲ အပေါ်သာတက်ခဲ့လိုက်တော့သည်။ အမှန်တော့ သူ့မှာပြောစရာတွေများစွာရှိနေရဲ့ ။ ဖွင့်ဟပြလည်း အပိုတွေလုပ်နေသည်ဟု ထင်နည့်ပတ်ဝန်းကျင်မှာ သူနေရသည်မလား။

"ငပြည့်"

ပြည့်ဖြိုးမသိကျိုးကျွံပြုရင်း အခန်းထဲပစ္စည်းများကိုသာနေရာချနေမိသည်။

"ငပြည့် မင်းဘာဖြစ်နေတာလဲ"

သူပြောပြလိုက်ချင်သည်။ မိဘနှစ်ပါးတွင် ပိုမိုခင်တွယ်ရသည့် ဖခင်ဖြစ်သူကိုမှ။ ဒါတင်မကဘဲ တစ်ဦးတည်းသော သူငယ်ချင်းကပါ သူ့အပေါ်လုပ်ရက်လေခြင်းဟူသော ခံစားမှု။ ဤသည်ကို မည်သူကများ စာနာပေးနိုင်မည်နည်း။

ချည်တိုင် [ Philophobia ]حيث تعيش القصص. اكتشف الآن