- 28 -

2.6K 517 52
                                    

Unicode

နေ့လည်ဘက်ခဏ အိမ်ထောင်ဘက်တွေ့ပြီးချိန်တွင်
Baekhyun အချိန်မှီသလောက် ရုံးတက်နိုင်ရန်
အဝတ်အစားလဲပြီး Company သို့ထွက်လာခဲ့သည် ။

ခါတိုင်းဆို  နေ့ခင်းတစ်ဝက်ရ တစ်ဝက်
အိမ်မှာ အတိုးချ၍ အိပ်နေမည်ဖြစ်သော်လည်း
အခုတော့ သူဟာ သိပ်က်ို တာဝန်သိတတ်တဲ့
ဝန်ထမ်းဖြစ်ချင်နေ၏ ။

ဟို မုန်လာဥမလေး နှင့်လည်း IG acc
အပြန်အလှန် Follow ရုံ Game ID လဲရုံ
လောက်သာ ပြုလုပ်ခဲ့ပြီး နှုတ်ဆက်ကာထွက်လာခဲ့သည် ။
သူက စိတ်မဝင်စားကြောင်းပြထား၍
ထို မုန်လာဥ ခမျာလည်း ရှေ့မဆက်ရဲရှာပေ ။

Bus ပေါ်မှာ နေရာယူပြီးမှ ဖုန်းကိုထုတ်၍
တစ်ခုတည်းသော Message box ကို
6 ခါမြောက်ဝင်စစ်ကြည့်မိပြန်တော့ reply
မတွေ့ရပြန်ဘူး ။
မနက်က အမျိုးမျိုး message တွေပို့ပြီး
စနောက်ထားသောဥက္ကဌကြီးကို 
ဒေါသထွက်၍ ခေါင်းမီးတောက်နေသော
Sticker လေးပြန်ပို့ထားသော်လည်း ခုထိ
reply မပြန်လာသေး ။
မသိစိတ်ကြောင့် လက်က ခဏ ခဏ ထောက်ပြီး
message box ထဲ ဝင်ကြည့်မိပေါင်းလည်း
များနေပြီ ။

' ဘာလဲဟာ ´

ခုချိန်ထိ ဖုန်းကို မကြည့်မိသေးတာလား ၊
အလုပ်များနေလို့လား စသည်ဖြင့် အမျိုးမျိုး
တွေ့ကြည့်ပြီးနောက် Baekhyun ဖုန်းကိုသာ
ရင်ခွင်ထဲ ထည့်ဖက်ထားသော ကျောပိုးအိတ်ထဲသို့
အကြမ်းအရမ်း ထိုးထည့်ထားလိုက်တော့သည် ။

Company ကိုရောက်သေးအခါတွင်လည်း
မဟုတ်မှလွဲရော  ဟူသောစိတ်နှင့် Notice
board ကို အပြေးသွားကြည့်ရသေး၏ ။
ရုပ်ဆိုးပန်းဆိုး နှင့် သူ့ပုံကို Notice board ပေါ်
မတွေ့ရသော အခါတွင်မှ သက်ပြင်းချရင်း
အပေါ်ထပ်သို့  တက်ရ၏ ။

နေ့တစ်ဝက်ခွင့်ယူထားတာမို့  မနက်ကလုပ်ရမည့်
စာရင်းတွေကိုပါ အကုန်သိမ်းကြုံးပြီးလုပ်နေရသည့်အတွက်
စစရောက်ချင်းကနေ 1 နာရီခွဲလောက်ကြာသည်အထိ
သူ့မှာ ခေါင်းဖော်ဖို့မရ ။
ထိုကြားထဲလည်း ခဏ ခဏ ဖုန်းကို
ထုတ်ထုတ်ကြည့်ရသည်မှာ အမောပင်ဖြစ်၏ ။
Reply မလာသော message box ကို
တွေ့လိုက်ရလျှင် ပိုလို့ပင် မောသွားရသည် ။
ဘာလ်ို့မှန်းမသိ သူ့စိတ်တွေ သိပ်မကြည်တော့ပေ ။

May Lily ( Completed )On viuen les histories. Descobreix ara