Unicode
နောက်နေ့မနက်ခင်းတွင် ဥက္ကဌကြီး မနိုးခင်ပဲ
Baekhyun အမြန်လစ်ထွက်ခဲ့ရ၏ ။ကံကောင်းထောက်မစွာ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက်
အိမ်ကို တန်းပြန်ပြီး ရေမိုးချိုးတစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ပြီးသည်နှင့် တစ်ခေါက်ပြန်အိပ်ရန် ပြင်တုန်းရိှသေး
အိမ်ကို လူကြမ်းမ ဝင်စီးလာသည်နှင့်ကြုံရလေသည် ။Bell ကို အဆက်မပြတ်တီးပြီး
တံခါးကို တဒုန်းဒုန်းထုနေသောကြောင့်
Baekhyun အလွန်တရာမှ စိတ်ပျက် ပျင်းရိစွာနှင့်
ကုတင်ထက်မှ စောင်တွေကို ကန်ချရင်း
ဆောင့်ဆောင့်အောင့်အောင့်ထလာခဲ့ရ၏ ။ကုတင်ပေါ် လှဲတုန်းရိှသေး ပြန်ထရတာလောက်
စိတ်ပျက် ဝမ်းနည်းဖို့ကောင်းတဲ့အရာ ကမ္ဘာမှာမရိှ ။
ထို့ကြောင့် တစ်ခါတစ်ရံ သေးပေါက်ချင်ရင်တောင်
Baekhyun ထ မပေါက်ဖြစ်ပေ ။
မဖြစ်မနေ မပေါက်ရမနေနိုင်တော့သည့်
အခြေအနေရောက်မှသာ ထပေါက်သည် ။လူက မကြည်မလင်ဖြစ်နေသော အချိန်တွင်
တံခါးကို ဆွဲဖွင့်ကာ မျက်မှောင်ကြုံ့၍ ကြည့်လိုက်တော့
ထုံးစံအတိုင်း တံခါးရှေ့တွင် ပါးစပ်ကြီးဖြဲဟကာ
သန်းဝေ နေသော အစ်မဖြစ်သူ ဆောလ်ဟျွန်းကို
တွေ့လိုက်ရ၏ ။' ဘာလာလုပ်ပြန်ပြီလဲ စောစောစီးစီး ´
စုတ်ဖွားဖွားဆံပင်တွေကို
ဖြစ်သလို ထုံးထား၍ ဖွာလန်ကြဲနေသော ခေါင်းနှင့်
အစ်မဖြစ်သူသည် သူ့အမေးကိုပင် မဖြေနိုင် ၊
အိပ်မှုံစုံဝါး မျက်နှာဖြင့် သူ့ကိုတွန်းတိုက်သွား၍
ဧည့်ခန်းထဲက ဆိုဖာပေါ် အားနှင့်မှောက်ချလျှက်
လှဲနေလေသည် ။လက်ထဲက ကိုင်လာသော ပလတ်စတစ်ဘူးကြီးကိုမူ
စားပွဲပေါ်တင်ထားခဲ့၏ ။Baekhyunee သည် စိတ်ညစ်ညစ်နှင့်
ခါးထောက်လျှက် ရေရွတ်ပစ်လိုက်မိသည် ။' အားးရှ် ... ဒီ ဂင်မ်ချီ တွေ ထပ်ထည့်ပေးလိုက်ပြန်ပြီလားး
အမေက ငါ့ကို ဂင်မ်ချီချည်းပဲ တစ်နေ့ 3 ပန်းကန်စားပြီး
နေတယ်လို့များထင်နေလား ဟမ် ?
ဟိုတစ်ခေါက်က ထည့်ပေးလိုက်တာတွေတောင်
ဘူးနဲ့ အပြည့်ရိှသေးတယ် ´