- 27 -

2.6K 478 25
                                    

Unicode

မနက်ခင်း  7 နာရီခန့်တွင်ဖြစ်သည် ။
သီချင်းတညည်းညည်း နှင့် Baekhyun သည်
အလွန်အူမြူးနေသောဟန်နှင့် မုန်လာဥနီလေးများကို
အတုံးသေးသေးလေးတွေ ဖြစ်သွားအောင်
နုတ်နုတ်စင်းရင်း  လှီးဖြတ်နေ၏ ။

ထမင်းကြော် ကြော်ရန် ပြင်ဆင်နေသော
Baekhyun သည် သာယာလှသော
ရာသီဥတုအခြေအနေကြောင့် စိတ်တွေ ကြည်လင်နေခြင်း
ပေလားတော့မသိ ။
သီချင်း ညည်းရုံတင်မက လှုပ်တုပ် လှုပ်တုပ်နှင့်ပါ
ခန္ဓာကိုယ်က  လိုက်၍ က နေမိသည် ။
ရာသီဥတု သာယာနေသောကြောင့် ဟူ၍ပဲ
ထားလိုက်ပါတော့ ။

' ဒီနေ့ ဘာလုပ်နေလဲ
မင်းအလုပ်များနေလား
အထွေအထူးမရိှဘူးဆိုရင်
ကိုယ်တို့ ခဏလောက်တွေ့ရအောင် ..... ´

K Will ရဲ့  Day 1 သီချင်းက သူ့အကြိုက်ဆုံးသီချင်းမို့
သူ့စိတ်တွေ ပျော်ပြီး မြူးထူးနေတိုင်း ပါးစပ်မှ
အလိုလို ထွက်ကျလာတတ်၏ ။

' ပြောစရာရိှတယ် ...
အထွေအထူးတော့မဟုတ်ပေမယ့် ~~

ကိုယ်တော့မင်းကိုသဘောကျနေပြီ ထင်တယ်
ဒီလိုစကားမျိုး​က ကိုယ့်အတွက်ပထမဆုံးပဲ

You´re my baby ....
You´re  my honey ...... 

ဒီလိုစကားမျိုးက ကိုယ့်အတွက်ပထမဆုံးပဲ
ဒီနေ့ကစပြီး  ခုကစပြီး
ငါ့အပိုင်ဖြစ်ပေးပါလားး  Babe ! ´

ခါတိုင်းလည်း ဆိုနေကျပေမယ့်
ဒီနေ့ကျမှ စာသားတွေကို အာရုံထားမိနေပြီး
Baekhyun ခဏ ခဏ ခေါင်းငုံ့ရယ်နေမိသည် ။

ဘာလဲ ။ ဘာလဲ ။
ဘာလို့ ဒီလောက် အူမြူးနေတာလဲ ။
Byun Baekhyun အသိစိတ်ကပ်စမ်း ။

စိတ်ထဲက ဘယ်လောက်ပဲ သတိပေးပေး
နှုတ်ခမ်းတွေကမူ ရယ်နေခြင်းမှ မရပ်နိုင်ခဲ့ ။
ရုတ်တရက် စားပွဲပေါ်မှာ တင်ထားသော
phone က တုန်ခါလာတာမို့  Baekhyun
ကောက်ယူကာ  ပုခုံးနှင့်နားကြား ညှပ်ထားလိုက်သည် ။
လက်ကမူ မုန်လာဥ လှီးနေရသောကြောင့် ။

' အင်းးးး ... ငါတို့ ဆောလ်ဟျွန်းလေးပြော ´

' ဘာလဲဟ ဒီအသံက !
အရမ်းကို အူမြူးနေပါလား ´

' စကားရှည်မနေပဲ ပြောစရာရိှတာပြောနော်
ဒီနေ့ အိုပါးက စိတ်ကြည်နေတာမို့
လာမနှောက်ရင်ကောင်းမယ် ´

May Lily ( Completed )Where stories live. Discover now