- 36 -

3.1K 574 82
                                    

Unicode

အိပ်ယာထဲတွင် အချိန်အတော်ကြာ ပွေ့ဖက်နေခဲ့ပြီးနောက်
Baekhyun ခန္ဓာကိုယ်များ နွေးထွေးသည့်အချိန်သို့ရောက်သောအခါတွင်
ညနေစာ ပြင်ဆင်ရန် Chanyeol မီးဖိုခန်းထဲ ဝင်လာခဲ့သည် ။

ပျားသံပုရာနွေးနွေးလေး တစ်ခွက်ဖျော်ပေးတော့
ပြောမရဆိုမရသည့် ကလေးဆိုးလေးက ဧည့်ခန်းထဲမှ
ဆိုဖာပေါ် လုံးဝထိုင်မနေ ။
ထမင်းစားပွဲဘေးမှာသာ ခုံနှင့်ထိုင်၍ Chanyeol
ညစာပြင်နေသည်ကို ကြည့်နေမည်ဆိုသောကြောင့်
စောင်သွားယူကာ တစ်က်ိုယ်လုံးကို ပတ်ပေးထားရသေး၏ ။

ထို့သို့စောင်ထုတ်ထဲတွင်  ပျားသံပုရာနွေးတစ်ခွက် ပေးထားလိုက်သည့်အခါမှ သူ့ဟာသူငြိမ်ကာ
ဖြည်းဖြည်းချင်းသောက်နေ၍ Chanyeol အေးအေးဆေးဆေး ညစာပြင်ရန် လုပ်ရတော့သည် ။

ညစာကတော့ ရိုးရိုးရှင်းရှင်း ထမင်းနှင့်အရံဟင်း အနည်းငယ်သာဖြစ်၏ ။ သို့သော်လည်း ဗိုက်ဆာပုံပေါက်နေသော ကောင်လေးက ပါးလေးဖောင်းနေအောင်ကို ကောင်းကောင်းစားသဖြင့် Chanyeol မှာ ပြုံးနေမိသေးသည် ။

' အာလူးပျော့ကြော်ထားတာလေးတွေ ကောင်းတယ်လေအသည်းလေး !
များများစား ´

ပါးစပ်ကပြောနေရင်းနှင့်အတူ Chanyeol မှာ ကိုယ့်ထမင်းပင်ကိုယ်ဖြောင့်ဖြောင့်မစားနိုင်ရှာပေ ။
အဝါရောင်သန်းနေသော အာလူးကြော်ချပ်ကလေးများကို
Baekhyun ထမင်းဇွန်းလေးထက်  တူနှင့်အသာအယာ တင်တင်ပေးနေရ၏ ။

' ဥက္ကဌကြီးလည်း ....
စားလေ ´

ပလုတ်ပလောင်းနှင့် ပြောသည်မို့ စကားက သိပ်မပီချင် ။

Chanyeol ထိုကလေးရဲ့ပါးအိအိလေးတစ်ဖက်ကို  အသာလိမ်ဆွဲရင်း ပြောပြချင်လိုက်တာ ။
ဒီလို ကောင်းကောင်းစားနေတဲ့ပုံလေးကိုသာ ထိုင်ကြည့်နေရရင် သူတစ်ခုမှ မစားရလည်း ဗိုက်ပြည့်တယ် ဆိုတဲ့အကြောင်း ။

' တော်ပြီလား ..
ထမင်းထပ်ယူဦးမှာလား ´

' တော်ပြီ တော်ပြီ
ကျွန်တော် ဗိုက်ဝပြီ ´

' ဟုတ်ပြီ ဒါဆို ပေး ..
ကိုယ်ဆေးလိုက်မယ် ´

Baekhyun သည် ငြင်းရန်အချိန်ပင် မရလိုက်ပေ ။
ဥက္ကဌကြီးက ပန်းကန်လုံးတွေ အကုန်လုံးကို ဆွဲယူသွားကာ ဘေစင်တွင် နေရာယူနေပြီ ဖြစ်၏ ။

May Lily ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin