-4-

3.7K 667 11
                                    

ဆူညံနေသော သီချင်းသံများနှင့်အတူ တဖြတ်ဖြတ်လင်းလက်
နေသော မီးရောင်စုံတွေ က ပူးကြိတ် ကခုန်နေကြသူတွေကြားဖြာကျ
လို့နေသည် .....

Night Club ဟု အမည်တွင်သော ဤနေရာသည် ချန်းယောလ်
နှင့်လုံးဝ အပ်စပ်သော နေရာမဟုတ်ခဲ့ပါ .....

သို့သော်လည်း ယနေ့တွင်တော့ တစ်ဉီးတည်းသော တူမဖြစ်သူ
ပြသနာမလေးကြောင့်ရောက်နေရခြင်းဖြစ်သည် .....

တစ်နှစ်ကြာမှ နိုင်ငံခြား ပညာတော်သင်က ပြန်ရောက်သော
တူမ ဖြစ်သူ ဂျစ်တူးသည် ရောက်သည်နှင့် အိမ်သို့ ခြေဉီးမျှ
မလှည့်ပဲ သူငယ်ချင်းအိမ်တွေ၌သာ စတည်းချ၍ အပျော်အပါးလွန်
နေ၏ .....

' နင့်တူမ အကြောင်း နင်မသိလို့လား ....
နင်နဲ့ နင့်အဖိုးကလွဲလို့ ကျန်တဲ့သူ လူထင်တဲ့ ဟာမလေး မဟုတ်ဘူး
သွား .... နင်ကိုယ်တိုင်သွားဖမ်း ´

ဒါက ညနေဘက်ကပြောခဲ့သော ရှင်းဆယ်ရဲ့ စကားသံပင်ဖြစ်၏

ထိုစကားနှင့်အတူ Night Club တစ်ခု၏ လိပ်စာကို ပေးသဖြင့်
သွားမည်ပြင်သော်လည်း ပြသနာက ထိုမျှနှင့်မပြီးသေး

' မဟုတ်မှလွဲရော နင် ဒီပုံနဲ့ Club ကိုလိုက်သွားမှာတော့ မဟုတ်ဘူး
မလား ´

နောက်ဆက်တွဲ အကျိုးဆက်ကား သူရဲ့ ရှေ့ကိုအုပ်ကျနေတဲ့
ဆံပင်တွေ  ပြဲစုတ်နေတဲ့ ဂျင်းဘောင်းဘီတစ်ထည်နဲ့ တီရှပ်ခံပေါ်
ထပ်ဝတ်ထားတဲ့ ဂျင်းကုတ် တစ်ထည်ပင်ဖြစ်လေသည် .....

' အကျိုးမပေးတဲ့ဟာတွေ ´

အကယ်၍ အနာဂတ်ကိုသာ ကြိုမြင်နိုင်စွမ်းရှိရင် သူဒီစကားကို
သေချာပေါက်ပြင်ပါဉီးမည် .....

Club ထဲခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိတွေ နားတွေ
ရှုပ်ယှက်ခပ်ကာ ဟိုတိုး ဒီဝှေ့နှင့် လူအုပ်ကြီးကြား သူပါ ကပ်ညှပ်
၍ ပါသွားရသည် ....

' ငါက ဒါကြီးထဲ ဟိုကောင်မလေးကို ဘယ်လိုရှာရမလဲကွာ
ရူးချင်တာပဲ ´

အရေးထဲ မွေးရာပါ ရုပ်ရည် ချောချောလေးကြောင့် အနားကို
ညုတုတုနှင့် လာကပ်နေသော မဒီပျိုများကလည်း တစ်မျိုး ...

May Lily ( Completed )Where stories live. Discover now