- 30 -

3.1K 570 60
                                    

Unicode

Baekhyun ၏ တစ်နေ့တာများသည်
ယခုရက်ပိုင်း အတွင်း ထင်ထားတာထက်ပိုပြီး
ပျင်းရိခြောက်သွေ့ဖွယ် ကောင်းလာ၏ ။
သူငယ်ချင်းများနှင့်လည်း Online ပေါ်တွင်သာ
အဆက်အသွယ်ရှိပြီး လူချင်းတွေ့ဆုံခြင်းမရှိသည်ကကြာပြီ။
တစ်နေ့ တစ်နေ့ စိတ်ဝင်စား ပျော်ရွယ်ဖွယ်မရှိသော
နိစ္စဒူဝအလုပ်များကိုသာ ထပ်တလဲလဲ လုပ်ဆောင်ရင်း
ဘဝကြီးကျ သာမန်ရိုးကျ တစ်တန်းတည်းဖြစ်နေသည် ။

ရုံးဆင်းချိန်များသည်လည်း ယခင်နေ့ရက်တွေထက်
ပိုပင်ပန်းလာပြီး ရုံးကပြန်ရောက်တာနဲ့ ကုတင်ပေါ်
မှောက်ချကာ ငြိမ်သက်နေမိ၏ ။
သို့သော် သူဒီအတိုင်းငြိမ်နေလို့တော့မရသေး ။
အမြဲအတွေးလွန်ပြီး ဟုတ်တိပတ်တိ မစားဖြစ်သော
နေ့လည်စာများကြောင့် ရုံးဆင်းချိန်ဆို ဗိုက်ကအောင့်လာပြီ ။
အဲ့ဒါမို့  လန်းသွားအောင် ရေချိုးသန့်စင်ပြီးတာနဲ့
တစ်ခုခု စားရန် ပြင်ဆင်ချက်ပြုတ်ရဉီးမည် ။

Hoodie တစ်ထည်နှင့် အားကစားဘောင်းဘီကိုသာ
ဖြစ်သလို ဝတ်ဆင်လာခဲ့သော Baekhyun သည်
ထမင်းချက်ချင်စိတ်မရှိလောက်အောင် စိတ်မော လူမော
ဖြစ်နေသဖြင့် အလွယ်တကူ ခေါက်ဆွဲသာပြုတ်စားရန်
လုပ်ဆောင်မိတော့၏ ။

အသင့်စား ခေါက်ဆွဲတစ်ထုပ်ကို ရေနွေးပူထဲ
ထည့်ပြုတ်ပြီး  ဆယ်ယူကာ ဟင်းခတ်မှုန့်များ
ထည့်ထားလိုက်သည် ။
ထို့နောက် pan တစ်ခုထဲ မီးပူရုံလောက်လေးနဲ့
သံလွင်ဆီ တစ်စက်နှစ်စက်ထည့်ကာ
ကြက်ဥတစ်လုံး ခွဲထည့်ထားလိုက်၏ ။
ခဏ စောင့်ဆိုင်းနေသည့်အချိန်တွင်
ခေါက်ဆွဲပြုတ်ထဲထည့်စားရန် အသင့်စား Sausage ချောင်း
လေးကို  အချပ်အချပ်ကလေးများရရန် လှီးတော့သည် ။

' အာ့  ´

Sausage ချောင်း ၁ ချောင်းလှီးသည်ကိုပင်
အာရုံလွင့်မြောလျှက်  လက်ကို လျှပ်ထိအောင်
လှီးမိသောကြောင့် လက်ထိပ်၌ သွေးဥကလေးများ
ချက်ချင်း နီရဲကာ စို့ထွက်လာလေပြီ  ။
Baekhyun သည် စူးရှရှလေး အောင့်လာသော
လက်ထိပ်ကို အသာငုံရင်း ဧည့်ခန်းထဲမှ ဆေးဘူး
ရှိရာ  ခပ်သုပ်သုပ်လေး လှမ်းရ၏ ။
ထို့နောက်တွင်မူ ဆေးဘူးထဲမှ အနာကတ်ပလာစတာ
တစ်ခု ထုတ်ယူ၍  လက်ထိပ်ကို သေသေချာချာ
ဝိုက်ပြီး ပတ်ထားလိုက်သည် ။

May Lily ( Completed )On viuen les histories. Descobreix ara