- 32 -

3.2K 581 77
                                    

Unicode

ရုံးဆင်းချိန် 6 နာရီတွင် Baekhyun company အတွင်းမှ
လူများ၏ အရိပ်အခြည်ကိုကြည့်ရင်း အတတ်နိုင်ဆုံး
သဘာဝကျကျလေး ဟန်ဆောင်၍ ကားပါကင်သို့ဆင်းလာခဲ့သည် ။

သာမန်ဆို  ရုံးဆင်းချိန် ဥက္ကဌကြီးနဲ့အတူပြန်တာက
ဘာမှ အထွေးအထူးပြောစရာ မဟုတ်ပေမယ့် ခုတော့
ကိုယ်ကိုယ်တိုင်က မလုံမလဲဖြစ်နေ၍လားမသိ ။
ဘယ်သူမှ မမြင်အောင် တိတ်တဆိတ် ရုံးဆင်းလာခဲ့ရသည် ။

- ရုံးဆင်းရင် ကားပါကင်ကို လာခဲ့နော် ပူတူးလေး
  ကိုယ်နဲ့ အတူပြန်မယ် - ဟု ညနေလောက်ကပို့လာခဲ့သော
message ကို သူငြင်းကြည့်ပါသေးသော်လည်း
မလာမချင်းစောင့်နေမည် ဟုဆိုသောကြောင့်
ယခုလို ခိုးကြောင်ခိုးဝှက်ထွက်လာရခြင်းဖြစ်၏ ။
ဥက္ကဌကြီးသည် တစ်ခါတစ်လေတော့လည်း ဒီလိုကို
ဂျစ်တစ်တစ်နိုင်ပါသည် ။

ကားပါကင်သို့ရောက်ပြီး မကြာလိုက် ကားထဲတွင်
ဥက္ကဌကြီးပါ ရောက်နေပြီဖြစ်ကြောင်းမြင်လိုက်ရသဖြင့်
ပတ်ဝန်းကျင် ဘယ်ညာကို အရိပ်အချည်ကြည့်ရင်း
ကားထဲသို့ ခပ်သွက်သွက် ဝင်လာခဲ့တော့၏ ။

ကားထဲသို့ ဝင်ထိုင်ထိုင်ချင်းပင် Baekhyun တစ်ကိုယ်လုံးသည်
တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းခံကို ချက်ချင်းခံလိုက်ရသလို
ကြီးမားသော ကိုယ်ကြီးသည် သူ့ကိုဖိထားလျှက် ခေါင်းကလည်း
လည်ပင်းကြား အတင်းတိုးဝင်နေခဲ့သည် ။

Baekhyun သည် ချက်ချင်းပင် လန့်ဖြတ်သွားရပြီး
ပတ်ဝန်းကျင်ကို ခေါင်းမီးတောက်စွာကြည့်ရင်း
ခန္ဓာပေါ်ဖိကျနေသော ကိုယ်လုံးကြီးကို လက်နှင့်
အတင်း တိုးဖယ်ရ၏ ။

' ဟာဗျာ  လူတွေမြင်ကုန်မယ်လေ ..
ဥက္ကဌကြီး !   ဥက္ကဌကြီးလ်ို့  ´

အသံကြိတ်ကြိတ်နှင့် ပြော၍ လက်ကတွန်းဖယ်နေသည့်တိုင်
ဥက္ကဌကြီး၏ လေးလံသော ခန္ဓာကိုယ်ကြီးက ဖယ်ခွာမသွားပဲ
ခေါင်းသာ ထောင်၍ မျက်နှာချင်းဆိုင်ကြည့်လာလေသည် ။
နီးကပ်လွန်းသော အကွာအဝေးကြောင့် Baekhyun
ရုတ်ချည်းပင် ကြောင်အသွားရပြီး တွန်းဖယ်နေသော
လက်များ ခဏတာ ရပ်တန့်သွားရ၏ ။

May Lily ( Completed )Where stories live. Discover now