"လွမ်းနေတာငယ်လေးရယ်။ ငယ်လေးရောလွမ်းနေတယ်မလားဟင်။"

"အမလေး မေးရက်လိုက်တာနော်။ ဒီမှာ လွမ်းလွန်းလို့သာသေကြေးဆို ရက်တောင်လည်ပြီးနေပြီ။ သူသာသူများကို ၁လ၉သီတင်းပစ်သွားလိုက်တာများ ရက်ရက်စက်စက်။" ပေါက်စဟာ စတင်အပြစ်တင်ပါတော့တယ်။

"မသေသေးပါနဲ့ဦးကွာ။ ဦးနဲ့တစ်ဘ၀လုံးအတူနေပေးပါအုံးကွ။"

"ဟွန့်။ လူဆိုးကြီး။ သူပဲစကားတက်တယ်။ လာ..သားဗိုက်ဆာနေပြီ။ မုန့်ကျွေးတော့" အစားသရဲလေးပေါက်စဗိုက်ဆာနေပြီဆိုတော့ ကျတော်လည်းနီးစပ်ရာဆိုင်ကိုပြေးရပါတော့တယ်။

ဆိုင်ရောက်လို့စားစရာတွေမှာပြီး ပေါက်စတစ်ယောက်ခေါင်းမဖော်စတမ်းစားနေချိန်မှာပဲ ရုတ်တရက်မေလေးဆီကဖုန်းဝင်လာပါတော့တယ်။

"ငယ်လေး ခနစားနှင့်နော်။ ဦးအပြင်ခနထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်။"

ပါးလုတ်ပါးလောင်းစားနေတဲ့ ပေါက်စဟာ စကားနဲ့တောင်ပြန်မဖြေနိုင်ပဲ ခေါင်းလေးပဲငြိမ့်ပြနိုင်ပါတယ်။ အူယားစရာပါးဖောင်းလေးကို ဆွဲဆိတ်လို့ ကျတော်ဆိုင်ပြင်ထွက်ဖုန်းဖြေလိုက်ပါတယ်။

'ဟယ်လို..မေလေးပြော။'

'ကိုရေ..ဓာတ်ပုံတွေကို ဘာနာမည်နဲ့သိမ်းထားတာလဲ My Oxygen ဆိုတဲ့နာမည်နဲ့လား။'

'ဟာာာာာမဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒါမဟုတ်ဘူး။ Taung Gyi Photo ဆိုတဲ့ Folderလေကွာ။ မနေ့ညကလည်းပြောထားတာကို'

'အော်...မေလေးမေ့သွားလို့ပါ။ ဟင်း ဟင်း ဟင်း။ ကလေးကမေ့ဆေးထုံဆေးတွေနဲ့မွေးထားရတာဆိုတော့ ခနခနမေ့တက်တယ်ကိုရယ်။ ဆော်ရီးကွာ။ ဟင်း ဟင်း ဟင်း။ ဒါနဲ့ အဲ့ဒီMy Oxygenဆိုတာ ဘာတွေများထည့်ထားတာလဲ ကိုရယ်။ Password တွေတောင်ခတ်ထားတာဆိုတော့ ဘာများလဲ။ ဟင်းဟင်းဟင်း။' မေလေးဟာ ရယ်စရာမဟုတ်တာကို လုပ်ရယ်ရယ်နေရတဲ့ပုံစံနဲ့ စကားကိုပြောလိုက်ပါတယ်။ ကျတော်ခေါင်းကို မိုးကြိုးအစင်းတစ်ရာ ပြိုင်တူပစ်လိုက်သလို ဖြစ်သွားပါတော့တယ်။

'အော်....... ဘာမှမဟုတ်ပါဘူးမေလေးရယ်။ Companyရဲ့ အရေးကြီးသတင်းအချက်အလက်တွေပါ။ အပြင်ကိုပေါက်ကြားလို့ လုံးဝမရတာမို့ Passwordခတ်ထားတာပါ။ ပျောက်ရင်အသက်ပါပေးရမှာမို့ အောက်စီဂျင်လို့ပေးထားမိလိုက်တာ။ဟားဟားဟား ကလေးကလားရယ်စရာများဖြစ်နေပြီလားမသိဘူး.။' ကျတော်လည်းအတက်နိုင်ဆုံး ယုတ်တိအရှိဆုံးစကားကို ပေါ့ပေါ့ပါးပါးလေသံနဲပဲ ပြောလိုက်ပါတယ်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Όπου ζουν οι ιστορίες. Ανακάλυψε τώρα