”ကောင်းကောင်းအနားယူတော့နော် ”

ဆိုကာ ထုံစံအတိုင်း နဖူးလေးကို အနမ်းပေး
လိုက်တော့တယ် 

တဖက်မှာတော့ Jabe နဲ့ Lily တွေ့ကာ
Noel ကို ရှင်းထုတ်ဖို့ကြံစည်နေကြပြန်တယ်

”အစီအစဥ်ကို မြန်မြန် စမှာရမယ်
သူတို့ သဘက်ခါ မြန်မာပြည်ပြန်တော့ မှာ
အဲ့မတိုင်ခင် မင်းဆက်ခ နဲ့ ကျွန်မ မြန်မာနိုင်ငံကို
လိုက်သွားလို့ရအောင်လုပ်ရမယ် ”

”အစီအစဥ်ကို မနက်ဖြန်စမယ်
မနက်ဖြန် မင်းဆက်ခ ကိုခေါ်ထုတ် ပြီး
မင်းလုပ်ချင်တဲ့ အပိုင်းကို လုပ် ငါက Noel
ကိုခေါ်ထုတ်သွားပေးမယ် ”

”အိုကေ အဆင်ပြေတယ် ”

Lily နဲ့ Jabe ရဲ့မျက်နှာတွေမှာတော့
အပြုံးကိုယ်စီနဲ့ပင်.....။

Noel မနက်ပိုင်း နိုးတော့ မင်းဆက်ခက မနိုးသေး....။
သူကြောင့်ညက မင်းဆက်ခ မအိပ်ရဘူးမလား
အဲ့တော့ သူလည်းမနိုးရက်ဘူး

ဗိုက်ဆာနေတာကြောင့်ဘယ်သူ့ကိုမှမပြောပဲ
ဟိုတယ်က စားသောက်ဆိုင်ကို ထွက်လာလိုက်တယ်
ဟိုတယ်က တော်ရုံလူတွေ
မတည်းနိုင်တော့ တော်တော်လူရှင်းတယ်

သူဟိုတယ် တနေရာ နဲ့ဒေါင့်ချိုးအကွေ့ကို ရောက်တော့ အနောက်ကနေ ဆူးခနဲ ဖြစ်ပြီး
သတိလစ်သွားတော့တယ်

သတိမလစ်ခင်အနောက်ကို လှည့်ကြည့်
လိုက်တော့ ဆေးထိုးအပ်ကို ကိုင်ထားတဲ့
Sam ကို တွေ့လိုက်ရရော

Sam ဘယ်သူ့ကိုမှမပြောပဲ Noel ကို သူခိုးပြေးဖို့
ကြံစည်လိုက်တယ်

ဘာလို့လဲဆိုတော့ သူ Noel ကို ခိုးပြေးမယ်ဆိုရင်
ဘယ်သူမှ လက်ခံမှာမဟုတ်သောကြောင့်ဖြစ်တယ်။

မေ့လဲ သွားတဲ့ Noel ကို ကောက်ပွေ့ပြီး
Sam ပြေးဆင်းကာ လာကြိုတဲ့ကားပေါ်ပြေးတက်
လိုက်တယ်

ကားပေါ်ရောက်တော့ Noel မျက်နှာလေးကိုကြည့်ပြီး

”ကို့သမီးလေးအစား မင်းက ကို့အနားမှာနေ
ပေးနော် Noel အကယ်၍ မင်းကမနေဘူး
ဆိုရင် မင်းကိုသတ်ပြီးအလောင်းပဲ ဖြစ်ဖြစ်
သိမ်းထားပါရစေ ”

Noel's Husband (Z & U)  Where stories live. Discover now