အခန်း/ ၄၄(unicode)

Start from the beginning
                                    

ခပ်မှိုင်းမှိုင်းကျနေတဲ့နှင်းမှုန်တွေကြားက ပွင့်ပြူစပြုနေတဲ့ အရောင်စုံပန်းတွေ...
တချို့ကအပွင့်ကြီးတယ်...
တချို့ကတော့အလယ်အလတ်..
တချို့ကတော့ခပ်သေးသေးပဲ..
အမျိုးအစားကလည်းစုံပါ့...

နှင်းတွေကြားထဲကပန်းခင်းထဲအလုပ်ရှုပ်နေတဲ့အလုပ်သမားအချို့လည်းရှိတယ်
Phi Sing လည်း အဲ့ဒီလူတွေထဲမှာလား..

သူကတော့ နှင်းကြားထဲတိုးမယ့်အစား
အိမ်ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်ဖို့်ပဲဆုံးဖြတ်လိုက်တယ်..
အတန်းလိုက်စိုက်ထားတဲ့ ကန်စွန်းပင်တွေ မုန်ညင်းပင်လေးတွေ
နွယ်တက်နေတဲ့သခွားပင်တွေကလည်းအသီးတွဲလောင်းနဲ့..

အခြေချပြီးနေချင်စရာပတ်ဝန်းကျင်လေးပဲ...
စိမ်းလန်းတယ်...လတ်ဆတ်တယ်
မွေးပျံ့တဲ့လေအေးအေးလည်းရှိတယ်..
မြင့်မားတဲ့သစ်ပင်တွေကြားထဲက ဆင်ခြေလျှောလေးမှာ အရောင်စုံတဲ့ပန်းခင်းကြီး တမျော်တခေါ်နဲ့....

တကယ်ကောင်းတဲ့ပတ်ဝန်းကျင်............အဲ.....

ဒီတစ်ခါသူမျက်စိရောက်သွားတာက...
ထူးဆန်းပေမယ့်မထူးဆန်းတဲ့အရာ.....

သူ့အိမ်မှာရှိနေတဲ့ပန်းအိုးနှစ်လုံးနဲ့လုံးဝဆင်တူတဲ့.....

သေချာအောင်အနားကိုသွားလိုက်ပြီးစေ့စေ့စပ်စပ်ကြည့်မိတယ်...
မလွဲဘူး...
ပန်းပွင့်တွေမရှိတော့ပေမယ့် ကြွေကျတော့မယ့်အရွက်ရှည်တွေက ကျူးလစ်ပန်းပင်တွေဆိုတာ....

တန်းစီထားတဲ့အိုးတန်းရှည်က အနည်းဆုံး အလုံးသုံးဆယ်လောက်တော့ရှိမည်..
တစ်ပုံစံထဲ တစ်ဆိုဒ်ထဲ...

ဒီအိုးတွေထဲက နှစ်အိုးက သူ့ဆီရောက်လာခဲ့တာလား...

"Khun Krist ခြံထဲလျှောက်ကြည့်နေတာလား...
Phi Sing က မြို့ထဲသွားတယ်ထင်တယ်..
ဆိုင်ကယ်နဲ့ထွက်သွားတာမြင်လိုက်တယ်..
ထင်တော့
ဈေးသွားဝယ်တယ်ဖြစ်မယ်...''

Joe ရဲ့စကားပြောနိုင်စွမ်းကတော့
ဩချရမတတ်ပါပေ
စလိုက်ထဲကအဆက်မပြတ်
ထွက်လည်းထွက်နိုင်ပါပေ့...

"Khun ပန်းခင်းထဲလိုက်ခဲ့မလား..
ဒီနေ့မနက်မှခူးရမယ့်ပန်းတွေရှိတယ်
ကျွန်တော်အဲ့ဒါသွားမလို့ ပျင်းနေရင်လိုက်ခဲ့လေ...''

Rewrite the StarsWhere stories live. Discover now