သူ့အသံပဲဖြစ်ဖြစ်
Aus ကိုစနောက်နေမယ့် Jade ရဲ့အသံပဲဖြစ်ဖြစ်
သူနဲ့Jade ရဲ့စကားနိုင်လုနေသံပဲဖြစ်ဖြစ်ဆူညံနေကျ..
ခုချိန်မှာတော့ ဘယ်သူကမှစကားစမပြောကြပဲ
အကြည့်တွေကသူ့ဆီသာဦးတည်ထားကြသည်..
သူဆိုတာကရော...
သုံးယောက်လုံးကိုသူခိုးဖမ်းတဲ့အကြည့်နဲ့လိုက်ပြီးကြည့်နေမိသည်မဟုတ်ပါလား...Jade ဆီက Phi Sing ဆိုတဲ့ခေါ်သံကိုကြားပြီးထဲက
သူတစ်လမ်းလုံးစဉ်းစားလာခဲ့တာ
Phi Sing ရဲ့ကျောပြင်ကိုအမြဲအိမ်မက်မက်နေရတဲ့အကြောင်းက....
သူ့နှလုံးနဲ့သက်ဆိုင်တာမဟုတ်ပဲနဲ့
သူနဲ့ပဲတိုက်ရိုက်သက်ဆိုင်နေခဲ့တာများလားလို့....ဒါပေမယ့်
ဘယ်လိုပဲစဉ်းစားစဉ်းစား
ရင်းနှီးခဲ့ဖူးတယ်ဆိုတာ သူ့မှတ်ဉာဏ်ထဲမှာပေါ်မလာပေ...
ကျောပြင်လေးတစ်ခုကလွဲရင်...
ရုပ်ရည် အသံ အမူအရာ အထိအတွေ့ အားလုံးကသူစိမ်းလိုပဲ..ဒါတွေက သူ့မှတ်ဉာဏ်တွေပျက်စီးနေလို့လည်းဖြစ်မယ်....
ဒါပေမယ့်လည်း ကျောပြင်တစ်ခုထဲကိုမှကွက်ပြီးအိမ်မက်မက်နေရတဲ့အကြောင်းကဘာများလဲ..အားလုံးဟာ သူ့အတွက်ပဟေဋ္ဌိ.....
အဲ့ဒီပဟေဋ္ဌိကိုဖြေရှင်းနိုင်သူကလည်း ခုလက်ရှိသူ့ရှေ့ကလူတွေနဲ့Phi Sing ကလွဲပြီးမရှိ...
ထို့အတွက်ကြောင့်ပဲသူတို့အားလုံးဒီနေရာမှာစုဝေးနေကြခြင်းပဲဖြစ်သည်...နှစ်ရက်နဲ့တစ်ည မအိပ်ရသေးတဲ့Jade ရဲ့မျက်လုံးတွေကသိသိသာသာနီရဲနေတယ်..
Jade ရဲ့ဘေးနားမှာတော့ Austin ကကပ်လျက်နဲ့ရှိနေတယ်
Phi ကတော့ ခပ်ခြားခြားတစ်နေရာမှာငြိမ်ငြိမ်သက်သက်ထိုင်နေတယ်..."Phi Sing...... !!!...သူကဘယ်သူလဲ...''
".......''
အတန်ကြာသည်အထိတစ်ယောက်မှဖြေမလာ..
အဖြေစကားမဲ့တဲ့မေးခွန်းပေါ့...
ထားတော့
နောက်တစ်ခုထပ်မေးရုံပေါ့..."Phi Sing နဲ့ ငါ့ကြားမှာတစ်ခုခုဖြစ်ခဲ့တာလား..Austin... ဖြေစမ်း...''
"မင်း ဘာလို့ သူ့ကိုသွားမမေးလဲ Kit...''
"Phi Mon! !!!....''
Phi ရဲ့စကားနောက်မှာ
Jade ရဲ့ဟန့်တားသံကတစ်ဆက်ထဲ...
![](https://img.wattpad.com/cover/209749388-288-k848825.jpg)
YOU ARE READING
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...
အခန်း / ၄၃
Start from the beginning