"ပြည့်ဖြိုး"
ရုတ်ချည်းဆိုသလို လက်ချင်းယှက်နွယ်လာသည့် ပြည့်ဖြိုးဟန်ရယ်။
"လမ်းလျှောက်ရအောင်"
"အင်း"
ဟိုတယ်များဆောက်လုပ်ထားခြင်းမရှိသေးဘဲရံဖန်ရံခါ သူတို့ကဲ့သို့ Tent လေးများဖြင့် ညအိပ်လာတတ်သူများသာရှိသည်မို့ ကမ်းခြေတလျှောက် ရှင်းလင်းလို့နေသည်။
"ငါ့ကို အဲ့ဒီတုန်းက ဘာလို့မမေးခဲ့တာလဲ စုန်း"
ပြည့်ဖြိုးကို ငေးမိတော့ ကောင်လေးက စူးစူးစမ်းစမ်း မေးနေလို့။
"ဘာမေးရမလဲ။ မင်းကို အဲ့ဒီတုန်းကမေးစရာဆိုလို့ ချစ်လား၊ မချစ်ဘူးလားပဲရှိတာလေ။ ခဏခဏလည်း မမေးနိုင်ဘူး။ မင်းလည်း သိမှာပါကွာ။ ငါဘယ်လောက်မာနကြီးသလဲဆိုတာ"
"သိတယ်။ အဲ့ဒါကြောင့် ငါဘာမှမပြောနိုင်ခဲ့တာ"
နှစ်ဦးအကြားပြန်လည်တိတ်ဆိတ်သွားပြန်သည်။ သူဆက်မေးလျှင် ကောင်းမည်လေလား၊ ကိုယ်တိုင်လည်းမဝေခွဲတတ်တော့ပါ။
"စုန်း"
"အေး။ အဲ့ဒါမေးမလို့။ ဘာလို့ စုန်းလို့ခေါ်တာလဲ။ မင်း မဟုတ်က ဟုတ်ကတွေလျှောက်မဖြေနဲ့နော်။ ငါ မယုံတော့ဘူး"
"အေးပါကွာ"
သူ့စကားကြောင့် ပြည့်ဖြိုးက သဘောကျစွာ ခပ်ဟဟရယ်၏။ အသားအရည် ဖြူစွတ်စွတ်က ရယ်မောလေတော့ အနည်းငယ်ရဲလို့။
"စုန်းရဲ့ အဓိပ္ပါယ် ပြောစမ်းပါ"
"ပိုးစုန်းကြူး"
"ဘာအဓိပ္ပါယ်လဲ"
လမ်းလျှေက်ရာမှ ရုတ်တရက်ရပ်သည်။ ထို့နောက် သူ့ကို မျက်နှာချင်းဆိုင်စေသည်။
"လမ်းပြပေးခဲ့လို့"
"ဘယ်လို"
ပြည့်ဖြိုးဟန်၏ စကားတို့ကို သူအမှန်ပင် လိုက်မမှီတော့သည်မို့ အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။
"ငါဘာလို့ UFL တက်ခဲ့လဲ မင်းသိလား"
"မသိဘူးလေကွာ။ ဘာလို့လဲ"
"မင်းကြောင့်လေ ငတုံးလေးရဲ့"
"ဟမ်"
ပြည့်ဖြိုးဆီက အဓိပ္ပါယ်လေးနက်သည့် အကြည့်စူးစူးတို့က စံလင်းကို အတွေးများစေပြန်သည်။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️