Chapter- 6

3.6K 822 132
                                    

Zawgyi

ကျန်းရှောင်ချီးတစ်ယောက် တိုက်ခန်းတံခါးဝမှာ ထိုင်နေမိတာ အချိန်ဘယ်လောက်ကြာသွားမှန်းပင် မသိ။ သူ့ခေါင်းပေါ်က မီးလုံးလေးကတော့ မှိတ်သွားခဲ့တာ ကြာ​လေပြီ။ အပြင်ဘက် လမ်းမီးတိုင်များဆီမှ ဝါကျံကျံ အလင်းရောင်ဟာ ပြတင်းပေါက်ဘောင်တွေကို ဖြတ်ကျော်လာပြီး မှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ သူ့ပုံစံအား တစ်ဖက်နံရံမှာ အရိပ်ထင်စေတယ်။

အထီးကျန်နေတဲ့ မှုန်ပြပြ အရိပ်လေး....

အရိပ်လေးဟာ သူ့အိမ်ရဲ့သံပန်းတံခါးကို မှီရင်း မျက်လုံးတွေကို မှိတ်ထားတယ်။ ကြည့်ရတာ အိပ်ပျော်နေသယောင်ယောင်။

"ဒုန်း....ဒုန်း....ဒုန်း"

ရုတ်တရက် တိုက်အောက်ထပ်မှ အမြန်ပြေးတက်လာတဲ့ ခြေသံတွေ ထွက်ပေါ်လာတယ်။ ကျန်းရှောင်ချီး ဂရုမစိုက်မိ။ ဒီအပေါ်ထပ်အလွှာမှာ သူတစ်ယောက်တည်း နေထိုင်သူရှိတာကြောင့် သူရဲ့အခုလို အလဲလဲ၊အကွဲကွဲပုံရိပ်ကို တခြားသူတွေမြင်သွားမှာ စိတ်ပူရန် မလိုအပ်ပေ။

ဒါပေမဲ့ ခြေသံတွေဟာ ပိုမိုပြီး နီးကပ်လာနေတယ်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန်မှာတော့ အမှောင်ထဲမှ အရိပ်တစ်ခုဟာ သူ့အခန်းတံခါးဝဆီ အလျင်စလို ပြေးဝင်လာတာ ​တွေ့လိုက်ရတယ်။ အောက်မှာထိုင်နေတဲ့ သူ့ကိုတောင် တက်နင်းမိတော့မလို့ သီသီလေးပဲလိုတော့တယ်။

ကျန်းရှောင်ချီး ရုတ်တရက်ရောက်ချလာတဲ့ သာ့ဖန်းကို မော့ပြီးကြည့်နေမိတယ်။ သူ့လည်ချောင်းထဲမှာ တစ်ခုခုနင်နေသလို ခံစားချက်ကြီးကြောင့် သူ နေလို့မကောင်းတော့။

လတ်တလောမှာ အမြင်အာရုံအတွက် အပြင်ကဝင်ရောက်နေတဲ့ မီးရောင်ဖျော့ဖျော့ကိုသာ အားကိုးနေရတယ်။ သူကြည့်နေရင်း....... ချုံးသာ့ဖန်းဟာ လက်နှစ်ဖက်ကို ခါးမှာထောက်လို့ သူခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်တာဟာ ဦးခေါင်းတောင်ဝမ်းဗိုက်ကို အပ်မိတော့မတတ်ပဲ။ အမောဆိုက်နေတဲ့ အသက်ရှူ သံပြင်းပြင်းက ဟောဟဲ....ဟောဟဲ အသံတောင် ပေါက်နေပြီ။

အခုအခြေအနေမှာ သူတို့နှစ်ယောက်ရဲ့ ခေါင်းတွေဟာ အရမ်းကို နီးကပ်နေပြီး ချုံးသာ့ဖန်းရဲ့ ဟောဟဲဆိုက်သံက သူ့နားကပ်ရပ်မှ အတိုင်းသားကြားနေရတယ်။ ပဲ့နေတဲ့ကျွဲချိုကို မှုတ်နေသလို အသံကအက်ကွဲနေတယ်။

The Generous Poor With Really Stingy (MM Translation)Where stories live. Discover now