Chapter- 7

3.5K 862 174
                                    

Zawgyi

ဒီရက်တွေမှာ အလုပ်ဆင်းချိန်ရောက်တာနဲ့ ချုံးသာ့ဖန်းတစ်ယောက် ဖင်တကြွကြွဖြစ်နေပြီ။ အချိန်ပိုဆင်းဖို့လည်း သူစိတ်မဝင်စား။ ကျန်းရှောင်ချီးကိုပဲ အပြေးအလွှား သွားကြိုချင်နေမိတယ်။ ဒီနေ့လည်း အလုပ်ဆင်းချိန်ရောက်ဖို့ကို နာရီတွေရေတွက်ရင်း ပြေးထွက်ရန်အသင့်ပြင်ထားစဉ် လောင်လီ့ဆီက ဆွဲထားခြင်းခံလိုက်ရတယ်။
[လောင်=ဆရာ]

လောင်လီက သူ့ကို ရုံးခန်းထောင့်ချိုးနား ခေါ်သွားပြီး ကျေးဇူးတင်စကားဆိုတယ်။
"ရှောင်ချုံး.....နောက်ဆုံးတစ်ခေါက်က မင်းငါ့ကိုချေးပေးခဲ့တဲ့ငွေလေ.....အဲ့ဒါပြန်ပေးမလို့။ ကျေးဇူးအများကြီးတင်ပါတယ်ကွာ။ အခုငါအရမ်းမကြပ်တည်းတော့ဘူး။ ငါမင်းကို ပြန်လွှဲလိုက်မယ်လေ။"

ချုံးသာ့ဖန်းဟာ သူ့အကျင့်အတိုင်း "စိတ်မပူပါနဲ့"လို့ပြောလိုက်ပြီး နောက်ကနေလည်း "ရပါတယ်....ပြန်မပေးလည်း" ပြောလိုက်ချင်ပေမဲ့ နောက်ဆုံးတစ်စက္ကန့်မှာ ကံကောင်းထောက်မစွာနဲ့ သူ့ပါးစပ်သူထိန်းလိုက်နိုင်ပြီး စကားလုံးတွေကို ပြန်မျိုချမိတယ်။

သီသီလေးပဲ...တော်သေးတာပေါ့။ ချုံးသာ့ဖန်း စိတ်သက်သာရာရသွားပြီး မသိမသာသက်ပြင်းခိုးချလိုက်ရတယ်။ ဒီရက်တွေမှာ သူ့ဝမ်းရေးအတွက် သူများအိမ်မှာပဲ စားသောက်နေခဲ့ရတာလေ။ သေချာပေါက် သူများတော့မဟုတ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူဒီတစ်ခါထပ်ပြီး ပေးကမ်းစွန့်ကြဲလိုက်လို့များ ရှောင်ချီးသိသွားကြည့်ပါလား....တကယ်စိတ်ဆိုးပြီး သူ့ကိုလည်းအသေလုပ်လိမ့်မယ်။

ဒါပေမဲ့ သူက တစ်ခါမှပြန်တောင်းခဲ့ဖူးတာ မဟုတ်ဘူးလေ။ ဒါကြောင့် အခုလည်း ဘာပြန်ပြောရမှန်းမသိဘူး။ ခဏလောက် သေချာစဉ်းစားပြီးမှ ပြန်ဖြေလိုက်ရတယ်။
"Alipay နဲ့ပဲ လွှဲပေးလိုက်လေ!"

လောင်လီက သူ့ရဲ့ QR code ကို scanဖတ်လိုက်ပြီး ပိုက်ဆံတွေပြန်လွှဲပေးလာတယ်။ ဒင်္ဂါးပြားလေးတွေဝင်လာတဲ့အသံ 'ဟူးလားလား'က နားထောင်လို့ကောင်းသားပဲလို့ ပထမဆုံးအကြိမ်အဖြစ် သူ ထင်လာမိတယ်။ ကျန်းရှောင်ချီးဓာတ်တွေများ ကူးလာသလားထင်ရတယ်...... ဒီရက်ပိုင်း ပိုက်ဆံမြင်ရင်ကို ပျော်နေတာ!

The Generous Poor With Really Stingy (MM Translation)Where stories live. Discover now