Chapter- 3

3.5K 841 54
                                    

Zawgyi

ကျန်းရှောင်ချီးဟာ ချုံးသာ့ဖန်းရဲ့ electric scooter လေးနောက်မှာ အခန့်သားထိုင်လိုက်ရင်း သူ့လက်နှစ်ဖက်ဟာလည်း သာ့ဖန်းရဲ့ခါးကို ဖက်တွယ်ထားလေတယ်။ သူ့မျက်နှာကို သာ့ဖန်းရဲ့ကျောပြင်ကို ကပ်လိုက်ပြီး နွမ်းလျစွာ မေးလိုက်တယ်။

"ငါကအရမ်းကပ်စေးနဲတယ်လို့ မင်းရောထင်လားဟင်?"

ချုံးသာ့ဖန်း သူ့မျက်လုံးတွေကို ကစားလိုက်ကာ စိတ်ထဲကကျိတ်ပြီး အကျယ်ကြီးအော်ချလိုက်တယ်။
"သေချာတာပေါ့။ မင်းကဘယ်လိုထင်လို့လဲ ကျန်းရှောင်ချီး။ မင်းကိုယ်မင်း သဘောပေါက်သင့်တာကြာလှပြီ။ ဟမ့်!"

ဒါပေမဲ့ သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေကတော့.........

"အိုက်ယား.... ဘယ်ကသာ! မင်းကစိစိစစ်စစ်သုံးတတ်တာပါ။ ဖြုန်းတီးရတာ မကြိုက်ရုံလောက်ပါပဲ။"

ကျန်းရှောင်ချီးက ထိုစကားတွေကို ကြားလိုက်ပုံမရ။ ဒါကြောင့် ချုံးသာ့ဖန်းရဲ့ကျောပေါ်မှီချလိုက်ပြီး စကားပြောတာကို ရပ်လိုက်တယ်။

စူပါမားကတ်ကိုရောက်တဲ့အခါ ချုံးသာ့ဖန်း သူ့ဆိုင်ကယ်လေးကို ပါကင်ရှာထိုးလိုက်တယ်။ နောက်မှ ရှောင်ချီးတစ်ယောက် တော်တော်ကြာ အသံတိတ်နေခဲ့တာကို သူသတိထားမိသွားတယ်။ သူ ခေါင်းကိုလှည့်လိုက်ပြီး သူ့ကျောမှာကပ်နေတဲ့ ဖားပျံလေးကို ကြည့်ဖို့ကြိုးစားလိုက်တယ်။

"ရှောင်ချီး....ရှောင်ချီး?"

ကျန်းရှောင်ချီးက ပြန်ဖြေမလာဘူး။ ဒါကြောင့် သူအနည်းငယ် စိုးရိမ်သွားမိတယ်။ သူ့လက်ကို နောက်ကိုဆန့်ထုတ်လိုက်ပြီး ကျန်းရှောင်ချီးမျက်နှာကို စမ်းလိုက်ပေမဲ့ ကျန်းရှောင်ချီးဟာ သူ့ရဲ့လက်ကို ပြန်ဖမ်းထားလိုက်တယ်။

ကျန်းရှောင်ချီးဟာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ဘက်လှည့်ကြည့်လို့မရအောင် ချုံးသာ့ဖန်းရဲ့ ခေါင်းအနောက်ကို ထိန်းကိုင်လိုက်တယ်။

နောက်လက်တစ်ဖက်ကတော့ ချုံးသာ့ဖန်းရဲ့ လက်ကို ကိုင်ထားဆဲ။ ချုံးသာ့ဖန်း သူ့နောက်ကျောဘက်မှ လည်ချောင်းရှင်းချောင်းဟန့်သံ နှစ်ကြိမ်ထွက်ပေါ်လာပြီး ခပ်တိုးတိုး​ရေရွတ်သံတစ်ခုကိုလည်း ကြားလိုက်ရတယ်။

The Generous Poor With Really Stingy (MM Translation)Where stories live. Discover now