ထို့ကြောင့်လည်း သူမနှင့် တစ်ရက်တည်း မွေးဖွားလာသည့် စောနွဲခင်အပေါ် သူမ၏ စိတ်စွမ်းအား ထိရောက်မူက ကြောက်မက်ဖွယ်ကောင်းလှ၏။ မိခင်ဖြစ်သူ၏ထူးခြားသော စိတ်စွမ်းရည်ကြောင့်ဟု ပြောရမည်လား စောနွဲ့ခင်ကာ ထူးခြားသောပါရမီများဖြင့် မွေးဖွားလာခဲ့သည်။

ထိုအရာကာ တစ်စုံတရာဖြစ်တော့မည်ဆိုပါက ပန်းချီဆွဲခြင်းဖြင့် ကြိုတင်နိမိတ်ပြနိုင်ခြင်းပင်။ တမင်တကာ ရေးဆွဲခြင်းမဟုတ်ဘဲ အာရုံထဲ အလိုလိုပေါ်လာသည့်အခါ လက်ကအလိုအလျောက် ရေးဆွဲမိသည်။ မသိစိတ်က ရေးဆွဲခြင်းဖြစ်သော်လည်း ဆွဲမိသည့်အကြောင်းအရာတိုင်း မလွဲမသွေဖြစ်လာသည့်အခါ ထူးဆန်းလွန်းသည်ဆိုသည်ထက် ကြောက်မက်ဖွယ်ကောင်းနေပြန်တော့၏။

မြနန်းစံဂုဏ်သိက္ခာအတွက် တစ်ဘဝလုံး အမှောင်ချထားခံရရှာသည့် စောနွဲ့ခင်ကာ စိတ်ဒဏ်ရာတွေ ဗလပွနှင့်။ ဒါကပဲသူမကို ထိန်းချုပ်ဖို့ လွယ်စေခဲ့သည်ထင်ပါ့...

ငယ်စဉ်ကတည်းက နန်းသုန္နရီကာ စိတ်စွမ်းအား ပြင်းထန်နေပြီဖြစ်၏။ စောနွဲ့ခင်၏ ပါရမီစွမ်းရည်တို့ကို သိမြင်လာသည့်အခါ ထိုအရာတို့ကို အသုံးချဖို့ ကြိုးစားကြံစည်တော့သည်။

အရွယ်ရောက်လာသည်နှင့်အမျှ သနားစရာကောင်းသော စောနွဲ့ခင်ကာ စိတ်ဒဏ်ရာများလေလေ သူမအဖို့ ထိန်းချုပ်ရလွယ်လေ ဖြစ်သည်။ နောက်ဆုံးသခင်လေးကို စတင်စွဲလမ်းမိသည့်အချိန်တွင် စောနွဲ့ခင်၏စိတ်ကို နန်းသုန္နရီတစ်ယောက် လုံးဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

သခင်လေးအပေါ်အစွန်းရောက်သော ချစ်ခြင်းတရားများနှင့်အတူ အမုန်းအဃာတများစွာဖြင့် ပြန်မွေးဖွားလာသည့် မြနန်းခင်ကာ အမျက်တရားကြီးမားလွန်းလှ၏။

သခင်လေးနှင့်ဆက်နွယ်သော မိန်းကလေးမှန်သမျှ ရက်စက်စွာအဆုံးစီရင်ခဲ့သည်။ သို့သော် သူမမှန်းမည်သူမှမသိစေသဖြင့် ကိုယ်တိုင်မလုပ်ပါ။ စောနွဲခင်စိတ်ကိုထိန်းချုပ်ပြီး အသုံးချခဲ့သည်။ ထို့ပြင် သူမမုန်းသည့် မိန်းကလေးတိုင်းသေစေလိုပါက ထိုအကြံအစည် အောင်မြင်စေရန် စောနွဲ့ခင်ကိုထိန်းချူပ်စေခိုင်းကာ ပန်းချီကားတစ်ချပ်ဖန်တီးစေခဲ့၏။

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now