Part-3

4.1K 335 0
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၃)

"ကိုကို.. ဆူးကိုကယ်ပါ ဆူးကြောက်တယ် ဆူးကိုကယ်ပါနော်"

"ညီမလေး...ညီမလေး"

သနားစဖွယ်အော်ဟစ်ရင်းအမှောင်ထဲ တိုးဝှေ့ပျောက်ကွယ်သွားသော ညီမလေးနောက်ပြေးလိုက်ရင် ဖျတ်ခနဲ့သူလန့်နိုးလာသည်။

အိပ်ပျော်သွားသည့်ခဏလေးမှာပင် အိမ်မက်ဆိုးတွေက သူ့ကိုခြောက်လန့်နေခဲ့ပါလား...

အဲကွန်းဖွင့်ထားသည့်အခန်းက အေးစိမ့်နေသည့်တိုင်သူ့တစ်ကိုယ်လုံးချွေးတို့ဖြင့်စွဲနစ်နေသည်....

ရေအေးအေးတစ်ခွက်မော့သောက်လိုက်မှ စိတ်တွေတည်ငြိမ်လာတော့သည်။အကြည့်တို့က စားပွဲခုံပေါ်တင်ထားသည့်ဓာတ်ပုံလေးဆီရောက်တော့ အံတစ်ချက်ကြိတ်မိသည်။

ဆံပင်ကုပ်ထောက်လေးနှင့်ချစ်စဖွယ်ကောင်းလွန်းသော ဆူး...

နှင်းဆီဆူးဆိုသည့်နာမည်နှင့်လိုက်ဖက်လွန်းစွာ ရဲ့ရင့်ထက်မြတ်လွန်းသော သူ့ရဲ့ညီမလေး...

အိမ်မက်ထဲမှာကြောက်လန့်တကြားငိုကြွေးနေပါလား ။ ဒီအိမ်မက်တွေ သူ့ကိုခြောက်လန့်နေခဲ့တာ နှစ်နှစ်ပြည့်တော့မည်။

ညီမလေး......ဘာတွေကြုံတွေ့ခဲ့ရသလဲ....
ပြီးတော့....ဘယ်ရောက်နေသလဲ

အဖြေမရသောအတွေးတို့ဖြင့်..သူရင်တွေမွန်းကျပ်လာသည်။ နားထဲကြားယောင်လာသည့်စကားအချို့က သူ့ကိုပိုနာကျင်စေ၏။

"ကိုကို နိုင်ငံခြားကပြန်ရောက်တာနဲ့ညီမလေးတို့ အတူတူနေကြမယ်နော် ဘယ်သောမှမခွဲတော့ဘူး ကိုကို့ကို ဆူးနေ့တိုင်းမျှော်နေမယ် သိလား......"

လွမ်းဆွတ်ခြင်းတွေနှင့် နာကျင်စွာသူတီးတိုးရေရွတ်မိသည်။

"ကိုကို.. ပြန်လာပြီလေညီမလေးရယ်
ဘယ်ရောက်နေလဲ ညီမလေးကို ကိုကိုအရမ်းလွမ်းနေတယ် ဘာတွေကြုံတွေ့ခဲ့ရလဲကလေးရယ် ဒီလောက်အကြာကြီးပျောက်သွားရသလားကိုကို့အိမ်မက်တွေထဲလာမငိုပါနဲ့တော့ ညီမလေးမျက်ရည်တွေကို ကိုယ်မမြင်ရက်တော့ဘူး ဆူးရယ်"

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now