Part-7

3.5K 324 1
                                    

Zawgyi

~~~မြနန်းစံတော်~~~
အပိုင်း(၇)

ညက ဒီနေ့မှထူးထူးခြားခြားပူအိုက်လွန်းနေသည်။ ဟိုလိမ့်ဒီလိမ့်နှင့်အိပ်မပျော်လို့မှအဆုံး ရေထချိုးဖို့တွေးလိုက်ပြီးအိပ်ယာမှထလိုက်သည်။

ရေပန်းအောက်မှာရေချိုးနေရင်းနှင့် ကြည်လင်အေးမြနေသောရေက တဖြည်းဖြည်းစေးကပ်လာသလို ခံစားရလိုက်၏။

ထို့ပြင် ညှိစို့စို့အနံ့အသက်တွေနှင့်...။ မသကာင်္သည့်အဆုံး မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့

"ဟင်..ဘုရား ဘုရားရေ သွေးတွေပါလား"

သူမခေါင်းပေါ်စီးကျနေသည်က ရေတွေမဟုတ်။ ချွဲပျစ်နေသော သွေးတွေ....သွေးတွေ

ရေချိုးခန်းတစ်ခုလုံးသွေးအတိ လွမ်းခြုံနေသည်ကိုအထိတ်တလန့်တွေ့လိုက်ရ၍ မှင်သက်မိစဉ်ခဏ

ဖျတ်....

ရုတ်တရက်မီးကပျက်သွားသဖြင့် မှောင်အတိဖြစ်သွားရာ

"ဟင်း..."

မျက်နှာချင်းဆိုင်မှ အသံရှူသံသဲ့သဲ့လေး ။ ကြောက်ရွံ့တုန်လှုပ်လွန်းသဖြင့် အသံကထွက်မလာ။

"ဖျတ်...

မီးကရုတ်တရက်ပြန်လင်းလာပြီးနောက် သူမရှေ့ တည့်တည့် ဘွားခနဲ့ရှိနေသည်က......

သွေးအလူးလူးနှင့် ရုပ်ပျက်ဆင်းပျက်မျက်နှာ...

"အား....."

ကြောက်လန့်တကြားအော်ရင်း အက္ခရာအိမ်မက်မှ အလန့်တကြားနှိုးလာတော့သည်။ တစ်ခန်းလုံးလည်း မှောင်အတိ ။

ဟင်...မီးပျက်နေသလား

ကြောက်စိတ်ဖြင့် မီးခလုတ်ကို အထပ်ထပ်အခါခါ နှိပ်မိသည်။ မီးကမလာ..။ အေးခနဲ့လေတိုးသံခံစားလိုက်ရသဖြင့် ကြည့်လိုက်တော့ ပြတင်းပေါက်တံခါးကပွင့်လျက်နှင့်...

"ညကသေချာပိတ်ထားပါတယ် ဘာလို့တံခါးဖွင့်နေပါလိမ့် "

အတွေးဖြင့် လူကသွေးပျက်မတက်။ လူပ်ခါနေသည့်လိုက်ကာစက လူကိုခြောက်လန့်နေသည့်အလား

ကြည့်နေရင်းနှင့်ပင် ရိပ်ခနဲ့ဖြတ်ပြေးသွားသည့်အရိပ်တစ်ခု...

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now