Part-28

2.8K 266 8
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၂၈)

မိုးကာ မောပန်းသွားပြီထင်ပါ့.... မငိုကြွေးနိုင်ရှာတော့ပါ။ တဖြည်းဖြည်းစဲသွားသည့်တိုင် သူမကာ မျက်ရည်မတိတ်နိုင်သေး...

"ဦးနက်..လက်နက်ချပါ မဟုတ်ရင် ခင်ဗျားကို ကျွန်တော်ပစ်ရလိမ့်မယ်"

ရဲတွေရောက်လာသလား.. သူမမသိပါ။ အပြန်အလှန် ပစ်ခတ်ရင်း အားမတန်မာန်လျှော့ကာ ဦးနက်တို့ လက်နက်ချလိုက်ရသလား

ဟင့်အင်း.... အက္ခရာဘာမှမသိပါ..

ချောက်ကမ်းပါအောက် ငေးစိုက်ကြည့်ရင်း ဘယ်သောမှ ပြန်မဆုံနိုင်တော့မည့် လူသားနှစ်ယောက်အတွက် သူမရင်သည် တမြေ့မြေ့နာကျင်နေ၏။

"မအက္ခရာမေလားမသိဘူး"

ဘယ်အချိန်ကတည်းက အနားရောက်လာမှန်း မသိသည့် စခန်းမှူးဝတ်စုံနှင့် လူကိုကြောင်အမ်းအမ်းမော့ကြည့်ရင်း အက္ခရာဘာလို့ နူတ်ဆိတ်နေမိပါလိမ့်

စခန်းမှူးကသူမလက်မောင်းကဒဏ်ရာကို မြင်တော့ ထိတ်လန့်သွားဟန်ဖြင့်

"ဘုရားရေ ခင်ဗျားဒဏ်ရာရထားတာပဲ သွေးတွေထွက်နေတာ မနည်းဘူး ခင်ဗျား အဆင်ပြေရဲ့လား"

"အက္ခရာ... အဆင်ပြေပါတယ်"

အက္ခရာအသံကား ခြောက်သွေ့လွန်းနေ၏။ စခန်းမှူးကာ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်ရင်း...

"ကျွန်တော်တို့ နောက်ယောင်ခံလိုက်တာ နည်းနည်း နောက်ကျသွားတယ် ဘယ်လိုဖြစ်ပြီး သခင်ကြီးက ချောက်ထဲကျသွားရလဲဆိုတာ မသိပေမယ့် ကျွန်တော်လည်း စိတ်မကောင်းပါဘူးဗျာ သူကတရားခံတစ်ယောက်ဖြစ်ပေမယ့် ဒီလိုအဖြစ်ဆိုးမျိုးတော့ ကျွန်တော်လည်း မဖြစ်စေချင်ဘူး "

".............. "

"ဦးနက်တို့ကို ဖမ်းမိထားပေမယ့် သူတို့ဆီက ဖြောင့်ချက်တွေကိုတော့ တော်တော်နဲ့ ရနိုင်မယ်မထင်ဘူးဗျ ဒီလူတွေကသစ္စာရှိတယ် ပြောရမလား သိပ်ခေါင်းမာတယ် ဘာဘဲဖြစ်ဖြစ် သခင်ကြီးသေဆုံးမှုမှာ ခင်ဗျားကမျက်မြင်သက်သေဆိုတော့ ခင်ဗျားဆီကအကူအညီလည်း ကျွန်တော်လိုအပ်တယ် မအက္ခရာ"

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now