Part-17

2.9K 282 3
                                    


Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၁၇)

စိုးရွံ့ထိတ်လန့်မှုတွေမချိမရိထွေးပွေ့ရင်း သူမခြေလှမ်းတို့က ရေချိုးခန်းတွင်းသို့......။

ဤမျှအခန်းကျဉ်းကျဉ်းထဲ ဘာရှိနိုင်မှာလဲ...

အတွေးဖြင့်ဝေခွဲရခက်နေစဉ် မီးကဖျတ်ခနဲ့ ပြတ်သွား၏။ ထို့နောက်နားထဲသဲ့သဲ့ကြားလိုက်ရသည့်က ညည်းသံ..

သေချာနားစွင့်မိတော့ အသံလာရာကတောင့်စွန်းက နံရံဆီသို့။ သူမနံရံနားနားကပ်လိုက်ရင်း နားစွင့်မိတော့...

"အင်း...ဟင်း..ဟင်း"

"အမလေး..."

မချိမရိညည်းသံကနံရံအတွင်းမှာပါလား။ နောက်သို့ယောင်ယမ်းဆုတ်မိရင်း စိတ်လှုပ်ရှားမူတွေကြောင့် နှဖူးထက်မှချွေးတွေစို့လို့။ အားတင်းပြီးနံရံကို လက်နှင့်အသာခေါက်ကြည့်တော့

"ဟင်..."

ပုံမှန်နံရံအတိုင်းအသံထွက်မလာဘဲ လှိုဏ်ခေါင်သံထွက်လာသဖြင့် အက္ခရာတအံ့တသြဖြစ်မိ၏။ နံရံနောက်မှာဘာရှိသလဲလဲ...

"ဒေါက်...ဒေါက်"

တံခါးခေါက်သံကသူမအတွေးစတို့ကို ဖျက်ဆီးပစ်၏။ ထိုစဉ်မီးကရုတ်တရက်ပြန်လင်းလာသည်။ သက်ပြင်းသာချပစ်ရင်း တံခါးသွားဖွင့်တော့ မိငယ်...။

"ဆရာမ...သခင်ကြီးခေါ်ခိုင်းလို့ပါ"

"အော် အင်းအဝတ်အစားလဲပြီးခုလာခဲ့မယ်"

မိငယ်ထွက်သွားသည်နှင့် ဖိုသီဖတ်သီဖြစ်နေသည့်အဝတ်အစား အမြန်လဲလိုက်သည်။ သေသေသပ်သပ်ဖြစ်အောင် ကပျာကယာပြင်ဆင်လိုက်ပြီး ထွက်လာတော့ဧည့်ခန်းမှာလူစုံနေပြီ။

သခင်ကြီး...သခင်လေးနှင့်အတူ သခင်မလေးသုန္နရီ။ သခင်ကြီးက သူမကိုခေါင်းတစ်ချက်ညိတ်ပြရင်း..

"ထိုင်...အက္ခရာ မင်းကိုပြောစရာရှိလို့"

အက္ခရာ သခင်ကြီးရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်ပြီး

"ဟုတ်​ကဲ့..ပြောပါ"

"ဒီမနက်မှာတောင်ကြီးနားမှာနေတဲ့ ဦးရီးတော်ဆုံးသွားလို့ ကျုပ်တို့အားလုံး နာရေးသွားရမယ် ကလေးနှစ်ယောက်ပါခေါ်သွားမယ် ၂ညအိပ်ခရီးကြာမယ်ဆိုတော့ မြနန်းစံတော်ကို မင်းလက်ထဲအပ်ခဲ့မယ် မင်းလည်းမကြာခင်မိသားစုဝင်ဖြစ်တော့မှာပဲ အိမ်ကိုသေချာစောင့်ရှောက်ပေးပါ"

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now