Part-13

3K 323 8
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၁၃)

ရှည်လျားကော့ညွတ်နေသည့်မျက်တောင်အောက်မှ မျက်ဝန်းတို့က နက်ရိုင်းလှပလွန်းနေသည်။ ထိုထက်နှာတံစင်းစင်းအောက်မှ နှင်းဆီဖူးငုံနူတ်ခမ်းလေးတို့ကာမိန်းမချင်းပင် ငေးခနဲ့ဖြစ်အောင် လှပလွန်းလှ၏။

ဖြူရုံလေးဝင်းလက်စိုပြေနေသည့်အသားအရည်နှင့် ပြုံးယောင်သန်းနေသည့် မျက်နှာဝင်းမွတ်မွတ်လေးက မြင်ရုံနှင့်ရင်ထဲစွဲငြိရသည်ထိ စွဲမက်ဖွယ်ကောင်းလွန်းနေသည်။

နူးညံ့ဖြောင့်စင်းသောဆံနွယ်ရှည်များနှင့် တစိမ့်စိမ့်ငေးကြည့်မဝအောင် လှရက်နိုင်လွန်းသော... သူမ မြနန်းစံ....

ဒါဟာ..ပန်းချီကားလေးတစ်ချက်ပါပဲ ။

သို့သော်လက်ရာမြောက်သော ပန်းချီကားလေး။ ပန်းချီကားလေးထဲမှာပင် သူမ၏အလှတရားတို့က ရုန်းကြွနေ၏။

ပန်းချီကားကိုငေးကြည့်ရင်းနှင့်ပင် မျက်နှာလွဲပစ်ရက်စရာမရှိအောင် သက်ဝင်လှပသောအလှတရားတို့က မြင်သူတိုင်းကိုဖမ်းစားလွန်းလှ၏။

ထိုပန်းချီကားကို စူးစိုက်ကြည့်ရင်းနှင့် ..

"အက္ခရာမေနဲ့ပတ်သတ်ပြီး မင်းရည်ရွယ်တာတွေ ရပ်တန့်လိုက်ပါ ခွန်မင်းဆက်"

ခွန်မင်းဆက်သူ့မူပိုင်အတိုင်း နူတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်သည်။ မိန်းမနှင့်ပတ်သက်လာပါက ထာဝစဉ်ရက်စက်ခဲ့သော သူ့မျက်ဝန်းတို့ကသက်မဲ့ပန်းချီကားတစ်ချက်ကို စိုက်ကြည့်နေရင်းပင် မြတ်နိုးခြင်းတွေအပြည့်...။

"ဘာအတွက်ကြောင့် ကျွန်တော်ရပ်တန့်ရမလဲ လုံလောက်တဲ့ အကြောင်းပြချက်ပေးကြည့်ပါလား"

"မင်းက မြနန်းစံဒဏ္ဍာရီကို ပြန်လှုပ်နှိုးနေတာပဲခွန်မင်းဆက်"

"ကျွန်တော် အဲ့ဒါကိုအယုံအကြည်မရှိဘူး"

စဝ်ခွန်မင်းမြတ် ခေါ် သခင်ကြီး၏ အကြည့်စူးစူးတို့က သူ့ထံဖျတ်ခနဲ့ရောက်သည်။ ထီမထင်ပြုံးနေသောသူ့အပြုံးတို့ကြောင့် အလိုမကျစွာမျက်မှောင်ကုပ်မိရင်းနှင့်

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now