Part-30

3.1K 276 4
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၃၀)

ထူပူသွားသောပါးနှစ်ဖက် နူတ်ခမ်းတောင့်မှ စီးကျလာသည့်သွေးစများ.. နံရံတောင့်မှ ကျုံ့ကျုံ့လေးထိုင်နေရင်း မျက်ရည်တွေ ၀ဲကျနေသည့် မျက်ဝန်းတစ်စုံ...

ထိုမျက်ဝန်းထဲတွင် မယုံကြည်နိုင်ခြင်းများက ခုထိ ကိန်းအောင်းနေဆဲ....

တစ်ချိန်လုံး ဟန်ဆောင်ကောင်းခဲ့သည့် ထိုမိန်းကလေးကို သူမနှမျောသတစွာ ငေးနေမိဆဲ...

နာကျင်မူနှင့်အတူ ယူကြုံးမရသော မျက်ရည်များက တပေါက်ပေါက် စီးကျလာနေရာ..

ထိုမိန်းကလေးကတော့ဟက်ဟက်ပက်ပက် ရယ်နေတော့၏။ ထို့နောက် ကုတင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေရင်းနှင့် အေးဆေးတည်ငြိမ်စွာပင် သူမ၏ရက်စက်ခြင်းတို့ကို အက္ခရာမေသိအောင် တမြေ့မြေ့အရသာခံပြီး ပြောပြနေတော့သည်။ ထင်မှတ်မထားသော လှည့်ကွက်များနှင် တစ်ချိန်လုံးမြနန်းစံတော်ကို ထိန်းချုပ်ခဲ့သည့် နန်းသုန္နရီတဖြစ်လဲ မြနန်းခင်၏အကြောင်းအရာများက သွေးညှီနံ့တွေ ဖုံးလွှမ်းနေပြီး ရက်စက်ခြင်းတို့ဖြင့် ပြည့်လျှံနေလျက်ရှိရာ...

အက္ခရာကြောက်လန့်တကြား နှားနှစ်ဖက်ကို တင်းတင်း ပိတ်ထားမိသည်။ သို့တိုင် ဓားသွားလို ရက်စက်လွန်းသောစကားများက သူမနှလုံးသားထိတိုင် ထိုးဖောက်ဝင်လာတော့၏။

...........မြနန်းခင်..........

နန်းသုန္နရီအဖြစ်ပြန်ဝင်စားခဲ့သည့်နေ့သည် စောနွဲ့ခင် မွေးဖွားခဲ့သည့်နေ့နှင့်တူနေခြင်းကာ စောနွဲ့ခင်အတွက် ထိုကတည်းက ကံဆိုးခြင်းတွေ စတင်စေခဲ့၏။

မွေးရာပါရောဂါသည် နန်းသုန္နရီကို ဘယ်သူက မြနန်းခင်ဟုတွေးထင်နိုင်မှာလဲ....

ထက်မြက်လွန်းခဲ့သည့်မယ်တော်ကိုယ်တိုင် စောနွဲ့ခင်ဟုသာ ယုံကြည်ခဲ့မိသည်မဟုတ်လား။ သူမ အမြဲချူချာနေခဲ့၏။ သို့သော်ထိုအရာ၏ နောက်ကွယ်တွင် သူမ၏ကြောက်မက်ဖွယ် ကောင်းသော ရက်စက်ခြင်းတို့ကို ဘယ်သူမှ မသိနိုင်ခဲ့ပါ။

ကြီးမားပြင်းထန်သော အငြိုးတရားများ၊ အဆုံးစွန်သော အမုန်းတရားများက သူမအတွက် စွမ်းအားတစ်ခုဖြစ်စေသလား. ဆန်းကြယ်လွန်းသည်။

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now