Part-27

2.9K 277 19
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၂၇)

"အက္ခရာကို ကယ်ပါသခင်လေးရယ်"

နားထဲကသူမအသံဖျော့ဖျော့လေးကို ကြားလိုက်မိသလား...။ တစ်စုံတရာလူပ်နိုးလိုက်သလို သူဟာ ဖျတ်ခနဲ့လန့်နိုးလာသည်။

တိတ်ဆိတ်မှောင်ကျနေတဲ့ အခန်းတစ်ခန်း

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း သူမျက်မှောင်ကျုံ့မိသည်။ မြနန်းစံတော်တွင်းမှ မြောက်များစွာသော လျှိုဝှက်အခန်းတွေထဲမှ အခန်းတစ်ခန်းထဲ သူရောက်နေပါလား...

အတွေးဖြင့် အဖြေတစ်ခုကို ချက်ချင်းရှာလိုက်သည်။ အက္ခရာမေနှင့် စေ့စပ်သောည....

သူ့အခန်းထဲဝင်ဝင်ချင်း ရုတ်တရက် အငွေ့တစ်ခုကို ရူရိုက်လိုက်မိသည်။ သတိမထားခဲ့မိသည်မို့ ထိုအငွေ့ကိုရူလိုက်မိပြီးနောက် သူခဏတွင်းချင်းပင် အိပ်ပျော်သွားခဲ့သည်။

ထို့နောက် အချိန်အတော်ကြာကြာ သူ့အာရုံတွေ မေ့မျောနေခဲ့၏။ သို့သော်သူ့အသိအာရုံတို့ကို လူပ်ခတ်လိုက်သည်က သူမ၏အားကိုးတကြီး ခေါ်သံသဲ့သဲ့လေး

သတိရလာသည်နှင့်သူမအတွက် စိုးရိမ်စိတ်က ချက်ချင်းရင်ထဲတိုးဝင်လာတော့သည်။

အက္ခရာမေ... ဘယ်ရောက်နေမလဲ ပြီးတော့ဘာဖြစ်နေပြီလဲ

ဒါဟာဘယ်သူ့လက်ချက်လဲဆိုတာ ပြောစရာမလိုအောင် သိနေပြီမို့ သခင်လေးခွန်မင်းဆက်မျက်နှာကာ ဒေါသဖြင့် နီရဲတင်းမာသွားတော့သည်။

ကုတင်ပေါ်မှဝုန်းခနဲ့ဆင်းလိုက်ပြီး အပြင်ထွက်ဟန်ပြင်တော့ အခန်းတံခါးရှေ့ပိတ်ရပ်လိုက်သူက.... သူမ

သိနှင့်နေပြီးသားမို့ ခပ်ထေ့ထေ့ပြုံးလိုက်ရင်း

"ငါ့ကိုတောင်ဒီလိုလုပ်ရဲတာ မင်းတော်တော် သိတ္တိကောင်းနေပါလား"

"နန်းခင်..သခင်လေးကိုချစ်လို့ပါ.."

"တော်စမ်း.. မင်းထင်တိုင်းကျဲသမျှ ငါတားလို့မရခဲ့ပေမယ့် အက္ခရာမေကိုတော့ ငါလုံးဝအထိခိုက်ခံမှာ မဟုတ်ဘူး သူတစ်ခုခုဖြစ်သွားရင် မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ်"

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now