Part-5

3.6K 317 1
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၅)

အေးစိမ့်နေသည့်တောင်ပေါ်မြို့လေးက သူမကိုဆိတ်ငြိမ်စွာကြိုဆိုနေသည်။ နယ်မြေစိမ်းပေါ်သို့ ခြေချမိသည်နှင့် အားငယ်စိတ်လေးက အလိုလိုဝင်လာတော့၏။

"ဟိုရောက်ရင်မြင်းလှည်းတွေတွေ့လိမ့်မယ် အဆင်ပြေသလိုဌားပြီး မြနန်းစံတော်ကိုပို့ခိုင်းပါ သူတို့မင်းကိုလာကြိုမှာမဟုတ်ဘူး"

ယမ်းစက်ရှင်မှာသည့်စကားတို့ကို ပြန်ကြားယောင်ရင်း အက္ခရာအထုပ်လေးပိုက်ကာ မြင်းလှည်းရှာဌားရတော့သည်။

သိပ်မရှာလိုက်ရပါ..။ မြင်းလှည်းတစ်စီး သူမရပ်နေသည့်နားရောက်လာပြီး....

"ဘယ်သွားမလဲတူမ"

"ဟုတ်... မြနန်းစံတော်ကိုပို့ပေးပါရှင့်"

"ဘယ်ကို..."

သူမကိုအထူးအဆန်းလိုလုပ်ပြီး ထပ်မေးသဖြင့် အက္ခရာ ခေါင်းလေးညိတ်ပြလိုက်ရင်းနှင့်.....

"မြနန်းစံတော်ကို ပို့ပေးပါရှင့်"

မြင်းလှည်းသမားဦးလေးကြီးက သူမကိုအထူးအဆန်းလိုကြည့်ပြီးနောက် ဘာမှထပ်မပြောဘဲ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး

"အင်း.. အချိန်တော့ရသေးတယ် ကဲသမီးတက် အချိန်နှောင်းသွားရင် သမီးမြင်းလှည်းဌားလို့ရမှာမဟုတ်တော့ဘူး"

မြင်းလှည်းသမားစကားကို နားမလည်သော်လည်း အက္ခရာ မြင်းလှည်းပေါ်တက်ပြီး ငြိမ်သက်စွာပင် လိုက်လာတော့သည်။ မြင်းလှည်းက
မြို့ပြင်ဖက်ဦးတည်းလာရင်း တဖြည်းဖြည်းနှင့်အိမ်ခြေတွေပြတ်လာကာ စိုက်ခင်းဥယျာဉ်တွေသာ တွေ့ရတော့သည်။

အင်း... ကြည့်ရတာ မြနန်းစံတော်က မြို့စွန်မှာသီးသန့်ရှိတယ်ထင်ပါ့.

အတွေးဖြင့် ရှုးခင်းတွေကို ငေးရင်းလိုက်ပါစဉ်
မြင်းလှည်းသမားဦးလေးက စိတ်ဝင်တစားမေးလာသည်။

"တူမလေးကမြနန်းစံတော်ကို ဘာသွားလုပ်မလို့လဲ"

"အက္ခရာက မြနန်းစံတော်ကကလေးနှစ်ယောက်ကို စာပြဖို့ရောက်လာတာပါ...ဦး"

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now