ဟိုအရင်ကတော့ သူ့သူငယ်ချင်းတွေနဲ့ကျောင်းလစ်ပြီးရုပ်ရှင်လာကြည့်နေကျ...
အခုတော့
ကျောင်းတုန်းကသူငယ်ချင်းတွေလည်းဘယ်ရောက်လို့ဘယ်ပေါက်နေကြပြီလည်းမသိရတော့ပေ..
တစ်ချက်လေးတောင်အဆက်အသွယ်မလုပ်ခဲ့ကြ...
သူကတော့ မေ့သွားတဲ့လူမို့ထားပါတော့..
သူတို့မမေ့တဲ့လူတွေကတော့နည်းနည်းပါးပါးအဆက်အသွယ်လုပ်သင့်သည်
Jade တစ်ယောက်ကလွဲ၍တစ်ဦးတစ်ယောက်မှလာမဆက်သွယ်တဲ့သူငယ်ချင်းတွေကို သူစိတ်နာသင့်လား..
ဒါမှမဟုတ် မေ့သွားတဲ့သူ့ကိုယ်သူပဲအပြစ်တင်ရမလား
သူမဝေခွဲတတ်တော့.."Phi Krist.....Phi Krist မဟုတ်လား....''
သူ့နာမည်ကိုခေါ်ခံလိုက်ရတာမို့
သူလည်းခပ်မြန်မြန်ပဲအသံရှင်ကိုရှာလိုက်သည်
နောက်ဆုံးတော့ သူငယ်ချင်းဟောင်းကိုတွေ့ရပြီထင်သည်...လုံးတုံးလုံးတုံးနဲ့ပြေးလာတဲ့လူငယ်လေးဟာသူ့ရှေ့မှာအပြုံးနဲ့ရောက်လာသည်
ခက်တာက သူမမှတ်မိတာပဲ..."ဟုတ်တယ်..Nong က....''
"Phi Krist ကိုမတွေ့ရတာတော်တော်ကြာပြီ..နေရောကောင်းသွားပြီလား...''
"ဟုတ်တယ် Phi ပြန်ရောက်တာလည်းသိပ်မကြာသေးဘူး...နေလည်းကောင်းနေပါပြီ...''
အလိုက်သင့်ပြန်ဖြေနေရပေမယ့်
ဘယ်လိုပင်စဉ်းစားစဉ်းစား ဒီလူငယ်လေးကိုသူမသိတာအသေအချာ...ဖြစ်နိုင်တာကတော့ သူမေ့သွားခဲ့တဲ့အချိန်ကာလတွေထဲကရင်းနှီးခဲ့သူပဲဖြစ်ပါလိမ့်မည်..
"Phi Sing နဲ့ရောတွေ့ပြီးပြီလား...Phi တို့အတူနေနေကြပြီလား...''
"Phi Sing...?..''
မရင်းနှီးတဲ့သူနဲ့ရင်းနှီးသလိုဟန်ဆောင်နေရင်းက ထပ်ပြီးမရင်းနှီးတဲ့လူတစ်ယောက်ပါထွက်ပေါ်လာပြန်ပြီ...
ဒီတစ်ခါကြောင်အသွားမှုမှာတော့တဖက်လူက သတိဝင်သွားဟန်တူသည်
"အာ....ဟုတ်သားပဲ..Phi မေ့နေတယ်ဆိုတာကိုကျွန်တော်မေ့သွားတာ...တောင်းပန်ပါတယ်..''
ပြန်လည်ပြုံးပြတဲ့ Krist ရဲ့အပြုံးတွေကပကတိကြည်စင်နေတာကိုမြင်ရတဲ့ခဏ Fait ရဲ့စိတ်တွေဟာလည်းလွန်ခဲ့တဲ့ကာလတွေဆီပြန်အလည်ရောက်သွားတယ်...
![](https://img.wattpad.com/cover/209749388-288-k848825.jpg)
YOU ARE READING
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...
အခန်း/ ၃၉ (z&u)
Start from the beginning