ဘေးက တရားသမား ကတော့ စိတ်ထိန်းထားဟန်။ ဘာမှဝင်မပြော။

မပြေးလို့ ရမတဲ့လား။ မနေ့က နေ့လယ်ထမင်းစားချိန် ထိုလဒသုံးကောင်က ရေဆာသည်ဆို၍ သူဝမ်းချုပ်နေသဖြင့် ဝမ်းနှုတ်ဆေးဖျော်ထည့်ထားသော ရေသန့်ဘူးကို လုံးဝသတိမရဘဲ ပေးလိုက်မိသည်။

သာဒင်မှာ နဂိုကတည်းက အမေ့ကောင်းလွန်းသူဖြစ်ရကား ထိုသုံးယောက်လုံး ရေသောက်ပြီးကြသည်အထိ သူ့ဝမ်းနှုတ်ဆေးအကြောင်းကို သတိမထားမိသေး။ စာဂျပိုး၏ "မင်းရေအရသာက တစ်မျိုးကြီးပါလားကွ"ဟု ပြောသံကို ကြားလိုက်ရသောအခါမှ သတိရကာ တံတွေးကို 'ဂလု' ခနဲ မျိုချမိသည်။ ထို့နောက် ခပ်တည်တည်နှင့် "မင်းစိတ်ထင်လို့နေမှာပါ" ဟုဆိုကာ ဟန်မပျက်နေထားရသည်။

ရင်ထဲမှာတော့ နျူကလီးယားဆယ်ဗုံးလောက် ကွဲနေလေပြီ။

ညနေအတန်းတက်ပြီး မကြာမီ ဆေးစွမ်းက ပြတော့သည်။ ဟိုကောင်တွေခမျာ အိမ်သာကို အိမ်ရာမှတ်ပြီး သွားနေရရှာသည်။

"ဘာများ မှားစားမိလို့လဲကွာ.. ဒါမှမဟုတ် တစ်ယောက်ယောက်ကများ လုပ်ကြံလိုက်သလားမသိဘူး "ဟု ချစ်တီးက မြော့မြော့သာရှိတော့သည့် အသံနှင့်ပြောတော့ သာဒင်ခမျာ မချိပြုံးကြီး ပြုံးထားရသေးသည် ။

ညရောက်မှ video callပြောကြရင်း တိုးတိုးတိတ်တိတ်ဝန်ခံမှ သုံးယောက်လုံး အသံပြာသည်ထိ ဝိုင်းအော်ကြတော့သည်။

သာဒင်မှာ သူ့ကိုဘယ်လိုဝိုင်းသမကြမည်ကိုတွေးရင်း ညက အိပ်၍ပင်မပျော်နိုင်။

"ဒါနဲ့ ခု မင်းတို့အဆင်ပြေသွားကြပြီလား"

မရဲတရဲလေး မေးကြည့်တော့
တရားသမားက ငိုသံပါကြီးဖြင့်...

"မပြေဘူး.."

"ဘယ်လိုမပြေတာလဲ "

"အီးငါးခါတောင် ပါတယ်"

"........"

"ဒီမနက်တင် "

"ဟင် .."

သာဒင်မှာ ရယ်ချင်တာကိုအတင်းထိန်းရင်း မျက်နှာငယ်လေးပုံစံ ဇွတ်ဖမ်းရသည်။ ရယ်တော့မရယ်ရဲ။ သူ့ဘေးက လက်သွက်သော စာဂျပိုး ကိုကြောက်ရသည်ကိုး။

My DuDuDin ♡Where stories live. Discover now