"အက္ခရာ သိသလောက်ပြောပြနိုင်ပါတယ် အပန်းမကြီးပါဘူးရှင်"

"ကျေးဇူးပါဗျာ ခင်ဗျားဒဏ်ရာသက်သာမှပါ "

သူက အက္ခရာမျက်နှာနွမ်းနွမ်းလေးကို တစ်ချက်စိုက်ကြည့်ပြီး..

"ဒါနဲ့မိတ်ဆက်ပါရစေ. ကျွန်တော်ကဒီမြို့ရဲ့ စခန်းမှူးသူရိန်ပါ ပြီးတော့ကိုယမ်းစက်ရှင်ရဲ့ မိတ်ဆွေဆိုလည်းမမှားပါဘူး"

"ရှင်....."

"ဟုတ်ပါတယ်... သူခင်ဗျားကို တော်တော်စိတ်ပူနေရှာတယ်"

ရင်ထဲနွေးခနဲ့ဖြစ်သွားလား... ဟင့်အင်း သူမရင်တွေ အေးစက်နေဆဲ..

နှလုံးသားနှင့်မဆန့်အောင် ရခဲ့သမျှခါးသက်မူတွေအတွက် ဒီစကားက ဖြေဆေးမဟုတ်တော့ပါဘူးလေ...

"ကျွန်တော်တို့သွားရအောင် ခင်ဗျားဒဏ်ရာက သွေးထွက်လွန်ရင် မကောင်းဘူး ပြီးတော့ကလေးတွေလည်း တအားအေးနေပြီ"

ဟုတ်ပါရဲ့.... ငိုထားသဖြင့်မျက်နှာတွေ မို့အစ်နေသလို မိုးဒဏ်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေရှာသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း အက္ခရာစိတ်မကောင်းဖြစ်ရပြန်သည်။

အားကိုးရာမဲ့သွားရှာသည့် ကလေးနှစ်ယောက်ကာ သူမလက်ကိုအားကိုးတကြီး ဆုပ်ကိုင်ထားလို့ပါလား...

ရင်ထဲနင့်ခနဲ့ဖြစ်သွားရင်းနှင့်...

"ဆရာမတို့ပြန်ရအောင် ဘာမှမဖြစ်တော့ဘူးနော် မငိုနဲ့တော့"

"မြနန်းစံတော်ကိုပဲပြန်မလားဟင် "

မျက်နှာလေးမဲ့လျက်နှင့် ခွန်းခွန်းအမေးကြောင့် အက္ခရာဘာဖြေရမှန်းပင်မသိ ငိုင်သွားတော့ စခန်းမှူးကိုသူရိန်ကာ လိမ်မာပါးနပ်ဟန်တူသည်။ တစ်ချက်ပြုံးလိုက်ရင်း

"မြနန်းစံတော်ကို မပြန်ပါဘူးသားရဲ့ သားရဲ့ဆရာမဒဏ်ရာရထားတယ်လေ ကြည့်စမ်းသွေးတွေ အများကြီးပဲ ဆေးကုဖို့ဆေးရုံ အရင်သွားရမယ် အဲ့ဒီမှာ ခဏနေရဦးမယ်.. "

မြနန်းစံတော်ကိုမပြန်ရဘူးဆိုသည့် အသိနှင့်ပင် ကလေးနှစ်ယောက်ကား ကြည်ကြည်ဖြူဖြူပင် လိုက်လာရှာသည်။ တော်တော်လေးလျှောက်ပြီးမှ တောတွင်းလမ်းတစ်နေရာတွင် ရပ်ထားသည့်ဂျစ်ကားနှစ်စီးကို တွေ့လိုက်ရသည်။ ရဲကားတွေဖြစ်ဟန်တူပါရဲ့...

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now