"မဆိုးပါဘူး... သိချင်တာ"

"ဘာကိုလဲ? မေးချင်တာရှိရင် ပွင့်ပွင့်လင်းလင်းမေးပါ Soraရဲ့...​ကိုယ်တို့ကြားမှာလျှို့ ဝျက်ချက်ဆိုတာ​ ရှိမနေသင့်ဘူးလေ... ဟုတ်တယ်မလား?

Soraပြုံးတယ်။
အတောက်ပဆုံး၊ အလင်းလက်ဆုံး...
ကျွန်တော့်စကားကို အကျေနပ်ကြီးကျေနပ်သွားတဲ့ပုံစံနဲ့ ပြုံးရယ်တယ်။

"​အင်း​... မေးမယ်နော်။ Tae Hyungနဲ့Oppaရဲ့ ပတ်သတ်မှုအစစ်အမှန်က ဘယ်လိုမျိုးလဲ?"

မေးခွန်းသတ်ပါတယ်။

မေးခွန်းတစ်ခုမှာ အဖြေတွေအများကြီးထွက်နေတာ ခင်ဗျားတို့ကြုံဖူးကြမလား မသိဘူး။ ကျွန်တော်ကတော့ လက်တွေ့ကိုကြုံဖူးပါပြီ။

ပတ်သတ်မှုတစ်ခုကို လိမ်လည်ပြောဆိုမိရင်ရော ဘယ်လိုဥပေဒတွေနဲ့ ငြိစွန်းနိုင်သလဲ?

ဘုရားသခင်ကရော ဘယ်လို​အပြစ်မျိုးနဲ့ ဒဏ်ခတ်နိုင်သလဲ?

"အသိတွေပါ။ ငယ်ငယ်ကတည်းက သိခဲ့ကြတာ"

"ဟမ်"

အံ့အားသင့်နေတဲ့Soraပုံစံဟာ တကယ့်ကိုမထင်မှတ်ထားတဲ့အဖြေကို ကြားလိုက်ရသည့်နှယ်။

"Tae Hyungအသက်5နှစ်ပြည့်မွေးနေ့မှာ စခင်ခဲ့ကြတာ... ဒါပေမယ့်​ 1လပြည့်အောင်တောင် မခင်လိုက်ရဘူး ရုတ်တရက်ကြီးမပြောမဆိုနဲ့ ဒီကနေAmericaကိုပြောင်းသွားကြတာ... အခုမှပြန်တွေ့ ကြတာလေ"

"အဲ့တာကြောင့်ကိုး... "

တွေးတွေးဆဆနဲ့သံရှည်စွဲကာပြောလာတဲ့​ Soraပုံစံဟာ အခုနကပုံစံနဲ့ကွဲလွဲစွာ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ဒီလောက်ပါပဲ။ ဒီထက်ပိုပြီးပြောပြစရာ အကြောင်းအရာမျိုးမရှိတော့။ မသင့်တော်တာဆို ပိုမှန်ပါလိမ့်မယ်။ တစ်ချို့​အရာတွေက​နှုတ်ကဖွင့်ပြောတာထက် ရင်ဘတ်ထဲပွေ့ ပိုက်သိမ်းဆည်းထားလိုက်တာ​ ပိုအန္တရာယ်ကင်းနိုင်သည်မဟုတ်ပါလား။

"Tae Hyung​ကိုတော့​ ဒီကိစ္စသွားမပြောနဲ့နော်။ တော်ကြာ သူမသိစေချင်တဲ့ကိစ္စဖြစ်နေရင် ကိုယ်တို့နှစ်ယောက်ကိုအမြင်စောင်းသွားနိုင်တယ်။

Second Person (Season_1)​(Completed)​Where stories live. Discover now