28(Final)

17.2K 957 113
                                    

"ဘော့စ် ဒီအကြောင်းတွေကို ဟိုဘက်company ကသိသွားပြီ ဘယ်လိုလုပ်ကြမလဲ”

တာဝန်ခံပေးလာသော စာရွက်စာတမ်းကိုတစ်ချက်သာကြည့်ပြီး သက်ပြင်းချလိုက်သည်......သူတို့companyထဲမှာ သစ္စာဖောက်ရှိနေလေပြီ.........

"ဒါတွေအကုန်လုံးကို cancelလုပ်လိုက်တော့”

"ဘော့စ် ဒါတွေက အခုချထားတဲ့planရဲ့ အဓိကအချက်အလက်တွေနော်”

"ငါသိတယ် တစ်ပတ်အတွင်းမှာ တခြားအချက်အလက်တွေနဲ့ပြန်ဖြည့်လိုက် အခုကိစ္စကိုငါကိုယ်တိုင်ပါ လုပ်မယ်”

"ဟုတ်ကဲ့ ဘော့စ်”

တာဝန်ခံထွက်ခွာသွားမှ မူးနေသောခေါင်းကို ဖိချလိုက်မိသည်......ထယ်ယောင်းနဲ့နောက်ဆုံးတွေ့ပြီထဲက မတွေ့တော့တာအခုဆိုရင် ငါးလရှိပြီ......ထိူအချိန်အတွင်း companyမှာလည်းပြသာနာပေါင်းစုံဖြင့် တစ်ခုမဟုတ်တစ်ခုကိုပြသာနာဖြစ်နေသည်.......

ဒေါက် ဒေါက်.......

"ဝင်ခဲ့”

မူးနေသောခေါင်းကို ဘာမှမဖြစ်သလိုပင် ဟန်ဆောင်နေလိုက်သည်......သူတော်တော် ဟန်ဆောင်ကောင်းနေပြီပဲ........

"ဘော့စ်”

လက်တွင် သံပုရာရည်ခွက်ကိုင်ကာ ဝင်လာသော ဆန်းဟန်.....

"ဘာကိစ္စရှိလို့လဲ ဆန်းဟန်”

ကိစ္စရှိမှ သူ့ရုံးခန်းထဲဝင်ရန်သတ်မှတ်ထားသော စည်းကမ်းချက်တွေကြား ဆန်းဟန်ကတော့အလေးထားဟန်မပြု.........

"ဘော့စ် companyကိစ္စတွေနဲ့ ခေါင်းကိုက်နေတယ်မလား ဘော့စ်ခေါင်းကြည်သွားအောင် ကျွန်တော်သံပုရာရည်ဖျော်လာပေးတာ”

လက်ထဲတွင်ကိုင်ထားသော သံပုရာရည်ကို ဂျောင်ကု စားပွဲခုံပေါ်တွင်တင်လိုက်သည်.......

"ကျေးဇူး ဆန်းဟန်”

ပြုံးပြီးထွက်သွားသော ဆန်းဟန်သည် သူစီစဥ်ထားသော ကိစ္စတွေအလိုက်သင့်ပင်ဖြစ်လာခဲ့ပြီ........companyရဲ့ လျို့ဝှက်ချက်တွေပေးနေတာလည်းသူပင်........companyရဲ့ပြသာနာမျိုးစုံကြား ဂျောင်ကုခေါင်းကိုက်မှာအမှန်.......

ဒါကြောင့်ပင် အလိုက်သင့်လေး သံပုရာရည်ပေးလိုက်သည်.......ခဏတာအတွက် ခေါင်းကြည်ရုံတင်မကဘူး တစ်ဘဝလုံးစာပါ နဂုံးချုပ်ပေးလိမ့်မည်.........

Be Mine(Complete)Where stories live. Discover now