စိတ်ဆိုးခြင်းမရှိ စိတ်ကောင်ခြင်းမရှိ ဂရုစိုက်ခြင်းမရှိ အွန်း နောက်တစ်မျိုးပြောပြရရင် လျစ်လျူရူပစ်လိုက်တာပေါ့.........
လျစ်လျူရူခြင်းက စိတ်ဆိုးစိတ်ကောက်ခြင်းထက်အဆတစ်ရာမကစိုးရွားတာ သူသိပါစေ.............
"ကလေး အိမ်ပြန်ရောက်ပြီဆိူတော့ ကျောင်းသွားမို့ ကိုယ်ပဲစောင့်ပြီးလိုက်ပို့ပေးရမလား”
"ရတယ် အစ်ကို အစ်ကိုလည်းမနေ့ကတစ်နေ့လုံးပင်ပန်းသွားပြီမလား စောစောပြန်ပြီး အနားယူလိုက်အုံးနော်”
"ကျောင်းမှာလည်းဂရုစိုက်အုံးနော်ကလေး”
"ဟုတ် အားလုံးအတွက်ကျေးဇူးတင်ပါတယ်နော် အစ်ကို”
"ရပါတယ်ကွာ ကိုယ်သွားတော့မယ်”
"အိမ်ထဲခဏဝင်ပါဦးလားအစ်ကို”
"နောက်မှပေါ့ ကလေးရေ အခုတော့ကိုယ်သွားတော့မယ်နော် ”
"နောက်ကျရင်တော့ ကျိမ်းသေဝင်ရမယ်နော်”
"ကလေးမခေါ်ရင်တောင် အတင်းဝင်မှာ”
"အဲ့တာဆို ထယ်ဝင်တော့မယ်နော် bye bye”
"Omm bye bye ကိုယ်ရဲ့ကလေးလေး”
ဟိုဆော့ တိုးတိုးလေးသာနူတ်ဆက်လိုက်သည်။သူနူတ်ဆက်သည်ကိုလည်းထယ်ယောင်းကြားသည့်ပုံမပေါ်။အခုထိတော့ ထယ်ကိုမျက်ရည်ထပ်မကျဖို့ ဆုတောင်းပေးနေရုံကလဲွဲပြီးမတတ်နိုင်ခဲ့.......
"သားပြန်ရောက်ပြီလား”
"ဟုတ်ကဲ့ မေမေ ”
"မျက်နှာကခြောင်ကျသွားသလိုပဲသားလေးရယ်တစ်ရက်အိမ်ပြန်မအိပ်တာနဲ့ကြည့်အုံး”
"မေမေရယ်စိတ်မပူပါနဲ့ ထယ်က ကလေးမှမဟုတ်တော့တာ”
"အော် ဒါနဲ့လေသား သားသူငယ်ချင်းအိမ်သွားအိပ်တာ ဂျောင်ကု ကိုမပြောထားဘူးလား”
"ဟုတ်မေမေ ထယ်မပြောထားဘူး ဂျောင်ကု ကဘာဖြစ်လိူ့လဲ”
"မနေ့က အိမ်ကိုလာသေးတယ်သားရဲ့ မရှိလို့ဆိုမှ ပြန်ထွက်သွားတာ သားနဲ့ ဂျောင်ကု ပြသာနာဖြစ်ထားလို့လား ဂျောင်ကု ပုံကအရမ်းဒေါသထွက်နေတဲ့ပုံပဲ”
YOU ARE READING
Be Mine(Complete)