3

10.5K 1.1K 48
                                    

အရာအားလုံးဆုံးရူံးသွားရင်တောင် ထယ်ယောင်းရဲ့ဂျောင်ကု အပေါ်ထားတဲ့ချစ်ခြင်းတရားကမည်သို့မျှဆုံးရူံးမှာမဟုတ်သလို ပြောင်းလဲသွားမှာလည်းမဟုတ်............

ကံကြမ္မာအလိုကျ လျှောက်လမ်းရတဲ့လမ်းအဆုံးမှာ ထယ်ယောင်း နဲ့ဂျောင်ကု နှစ်ယောက်ရောဘယ်လိုအဆုံးသတ်မလဲ.............

သိချင်ခဲ့တဲ့မေးခွန်းဖြစ်ပေမယ့် ထိုမေးခွနိးကိုဘယ်သူ့ကမှ မမေးဖူးသလို မေးဖူးခဲ့သလိုရှိလာရင်လည်း ကျွန်တော်တို့ကနောက်ဆုံးချိန်ထိ သူငယ်ချင်းတွေအဖြစ်နဲ့ပဲဆက်ရှိနေပေးမှာ လို့ပဲဖြေမိမယ်ထင်တယ်...............

လူတွေကလည်းသိပ်စိတ်ဝင်စရာကောင်းတယ် ကိုယ့်နဲ့မဆိုင်ရင် မဆိုင်သလိုနေကြပါလား အဲ့လိုမဟုတ်တာကတော့တကယ်ဆိုးရွားတယ် နဲနဲလေးတစ်ခုခုဖြစ်တာနဲ့ အရမ်းသိချင်ကြတယ် မပြောပြချင်တဲ့အရာတွေကို ပိုသိချင်ကြတယ် နောက်တစ်နည်းပြောရရင်တော့စပ်စုတာပေါ့..............

"ထယ်ယောင်း ”

".......”

"ထယ်ယောင်း”

"..........”

"ထယ်.......ယောင်း...........”

"ဟျောင့် မင်းအမေကြီးတော်မို့ အော်ကြီးဟစ်ကျယ်အော်နေတာလား”

"မင်းကိုလည်း ငါ့ကြီးတော်အဖြစ်မတော်နိုင်ပါဘူး”

"ငါစိတ်လျော့ထားတယ်နော် ဂျောင်ကု”

"ထားပါ ငါခေါ်နေတာ မင်းဘာလို့မထူးတာလဲ”

"ငါမထူးချင်လို့ပေါ့ကွာ”

"မင်းငါ့ကိုစိတ်ဆိုးနေတာလား ”

"မဆိုးပါဘူး ”

အမှန်တကယ်တော့ ထယ်ယောင်းစိတ်မကောင်းဖြစ်သွားရုံမှာ ကန်တင်းမှာ သူ့ကိုလျစ်လျူရူထားတဲ့ဂျုံးဂုကြောင့်.........

"အဲ့တာဆို ငါ့ကိုဘာလို့စကားမပြောတာလဲ ဒါရီနဲ့တွေ့ပြီးတည်းကပဲ”

Be Mine(Complete)Where stories live. Discover now