9

8.4K 936 29
                                    

မနက်ခင်းလေးက လှပစွာဖြင့် ဂျောင်ကု နိုးထလာခဲ့သည်.....သူ့ဘေးနားမှာရှိတဲ့ထယ်ယောင်းကိုသေချာကြည့်ပြီးနဖူးထက်အနမ်းတစ်ပွင့်ပေးကာ ထယ်ယောင်းအိမ်မှ ထွက်လာခဲ့သည်....ထယ်ကတော့အခုထိ အိပ်မောကျနေတုန်း.......ညတုန်းကအကြောင်းကိုပြန်တွေးမိတော့ ဂျောင်ကု ပြုံးမိသွားသည်.....ထယ်ယောင်းကလည်း သူ့အနမ်းတွေကိုတုံပြန်ခဲ့သည်.....

ထယ်ယောင်းကလည်းသူနဲ့ခံစားချက်ချင်း တူနေတာလား......အဲ့တာဆို ထယ်ယောင်းကလည်းသူကိုချစ်သည်ပေါ့.......ကိုယ့်အတွေးနှင့်ကိုယ် ဂျောင်ကု တစ်ယောက်သာယာနေသည်......

သီချင်းလေးတညီးညီးနဲ့ရေကိုစိမ်ခံချိုးပြီး သေချာသပ်သပ်ရပ်ရပ်ဝတ်စားလိုက်သည်......ဒီနေ့ထယ်ယောင်းကိုသူခံစားချက်တွေဖွင့်ပြောမည်......ထယ်ယောင်းလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေ..........

ထယ်ယောင်းနိုးလာတော့ဘေးမှာ ဂျောင်ကု မရှိတော့ ထယ်ယောင်းစိတ်ထဲတွင် တော်သေးတာပေါ့ဟုတွေးရင်း မျက်နှာသစ်ရေချိုးနေလိုက်သည်....အခူချိန် ဂျောင်ကု သာရှိရင် ညတုန်းက ကိစ္စကြောင့် ဂျောင်ကု ကိုမျက်နှာပြရဲမည်မဟုတ်........
ထယ်ယောင်းမနက်စာစားနေတုန်း အသံအော်ကြီးဟစ်ကျယ်နဲ့ဝင်လာသော ဂျောင်ကု.......အိမ်မှာအမေလည်း ဆိုင်ကိုသွားသည် သူတစ်ယောက်တည်းဂျောင်ကု နှင့်ဘယ်လိုရင်ဆိုင်ရမလဲစဥ်းစားနေတုန်း.........

ဂျောင်ကုထမင်းစားပွဲထဲဝင်လာသည်....ထယ်ယောင်းလည်းမတ်တပ်ထရပ်လိုက်ပြီး ထမင်းစားခန်းထဲကထွက်သွားမယ်လုပ်တော့ ထယ်ယောင်းလက်ကိုလှမ်းဆဲွဲပြီး နံရံကိုတွန်းကာ ထယ်ယောင်းထွက်မပြေးရန် ဂျောင်ကု လက်နှစ်ဖက်ဖြင့်ဘေးတွေကိုပိတ်ပစ်လိုက်သည်......

"ဘယ်ပြေးမလို့လဲ ဟင် ထယ်”

"ဘယ်မှ မသွားပါဘူး ငါဘာသာ ရေထခတ်တာ ”

"ဟုလား ထယ်ကိုယ့်ကိုညာနေတာမလား”

"မညာပါဘူး အတည်ပြောတာ”

"အဲ့တာဆို ဟိုရေခွက်ကဘာလဲ”

ထယ်ယောင်းမနက်စာစားတုန်းက ဘေးမှာရေခွက်ချထားခြင်း....ထိုရေခွက်ကို ဂျောင်ကု ကမေးငေါ့ပြပြီးမေးတော့ သူမှာအဖြေမရှိတော့......

Be Mine(Complete)Where stories live. Discover now