8

8.7K 1K 42
                                    

ကံတရားကြီးက တစ်ခါတစ်လေထူးခြားဆန်းကြယ်တယ်လေ ပုံသေတွက်ထားလို့မရဘူးမလား..........

ဂျောင်ကုနဲ့ဒါရီကိစ္စသဘောတူထားတာအခုဆိုရင် တစ်နှစ်ရှိပြီ ဂျောင်ကု နှင့်ထယ်လည်း နဂိုတူန်းကလိုပဲပြောဆိုဆက်ဆံသည် ထိုကိစ္စကိုနှစ်ယောက်သားမေ့ထားရင်းပေါ့.....

ထိုအချိန်အတွင်းဟိုဆော့နဲ့လည်းထယ်ယောင်းရင်းနှီးလာသည်.....သို့သော် ထယ်ယောင်း မထင်ထားခဲ့သောအရာကြီးတစ်ခုလည်း ဖြစ်ပျက်ခဲ့သည်.....

"လောကကြီးရယ် ဘာလို့ငါ့ကိုမှအမြဲလှည့်စားနေရတာလဲ”

အခန်းပြတင်းပေါက်ကနေကောင်းကင်ကြီးကိုငေးကြည့်ရင်းစကားတိုးတိုးဆိုမိတယ်...... ထို့နောက်ဖုန်းလာလို့ကြည့်လိုက်တော့ ဟိုဆော့........

"ကလေး ဒီနေ့အားလား”

"ဒီနေ့လားအစ်ကို”

"Omm”

"ထယ်မအားဘူးထင်တယ်”

"ဒီနေ့က ကျောင်းပိတ်ရက်မလားကလေး”

"ဟုတယ်လေ အစ်ကို ဒါပေမယ့် ထယ် သွားစရာလေးရှိလို့”

"ကလေးမအားရင်လည်းကိုယ် အတင်းမခေါ်တော့ပါဘူး အားတဲ့နေ့မှတွေ့ကြတာပေါ့”

"ကျေးဇူးပါနော် အစ်ကို”

"ရပါတယ်ကွာ”

ထယ်မှာအဖေမရှိ အမေတစ်ခုသားတစ်ခုသာရှိသည်....စီးပွားရေးကတော့အသင့်အတင့်ရှိသည်...
ချမ်းသာသည့်စာရင်းထဲမှာမပါသလို ဆင်းရဲသည့်စာရင်းထဲမှာလည်းမပါ နေနိူင်စားနိုင်သည်.....သို့ပေမယ့်.........

"ထယ် သားလေး”

"ဗျာ မေမေ”

"သား ဒီနေ့အပြင်သွားစရာရှိလား”

"ဟုတ်ရှိတယ် မေမေ”

"ဂျောင်ကု ကောပါမှာလားသား”

"မပါဘ​ူးမေမေ ထယ်တစ်ယောက်ထဲသွားမှာ”

"ဂရုစိုက်သွားနော် သား အမေစိတ်မချဘူး တစ်ယောက်ယောက်ခေါ်သွားပါလား ”

"ရပါတယ် မေမေရဲ့ ထယ်အဆင်ပြေပါတယ်”

"အဲ့တာဆိုလည်း ဂရုစိုက်ပြီးတော့ သွားနော် အိမ်ပြန်ချိန်လည်းနောက်မကျစေနဲ့ စောစောပြန်လာအုံး”

Be Mine(Complete)Where stories live. Discover now