21

6.1K 653 10
                                    

အေးစက်စက်အခန်းအတွင်း ေနရောင်ခြည်လေးများကဖျော့တော့စွာဝင်ရောက်လျက်........နှစ်ခြိုက်စွာအိပ်မောကျနေသော ခန္ဓာကိုယ်ငယ်လေးမှာ လူပ်လူပ်ရှားရှားဖြစ်လာသည်.....

အနွေးဓာတ်ပေးရန် ခြုံထားသော စောင်ကိုဆွဲဖယ်လိုက်ကာ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ သူနဲ့စိမ်းသက်သော နေရာတစ်ခု.......

ရုတ်တရပ်ကိုက်ခဲလာသော ခေါင်းကြောင့်လက်သွယ်သွယ်တို့က နားထင်ကိုဖိလိုက်မိသည်......သူ ဘယ်နေရာကိုရောက်နေပါလိမ့်............

တစ်ဆက်တည်းမှာပင် မေးခွန်းတွေကတန်းစီပြီးထွက်လာသည်......ဂျောင်ကု က ဘယ်မှာလဲ.....သူကကော ဒီနေရာကိုဘယ်လိုရောက်လာတာလဲ......တွေးလေ စိတ်အစဥ်က တစ်ခုခုတင်းကြပ်စွာ ဖြစ်ညှစ်ထားသလို မွန်းကြပ်လာသည်........

ထယ်ယောင်းလည်းဆက်မတွေးတော့ဘဲ ပြတင်းပေါက်တံခါးကို ဖွင့်လိုက်ကာ ဝင်လာသော သဘာဝလေအေးများကို တစ်ဝကြီးရူရိုက်လိုက်သည်......အခုမှ နောက်ကျိနေသော ခေါင်းက ကြည်လင်လာသလို......

"ထယ်”

ရုတ်တရပ် သတိလွတ်နေသောထယ်ယောင်း နောက်ကခေါ်သံကြောင့် ကိုယ်ခန္ဓာလေးတုန်တက်သွားသည်.......

"ထယ်”

ဒုတိယအကြိမ်မြောက် ထပ်မံထွက်ကျလာသောသူ၏နာမ်စားကြောင့် လှည့်ကြည့်မိလိုက်သည်.........

"ထယ်”

"Aww ဂျောင်ကု ငါဘယ်ရောက်နေတာလဲ”

"ထယ်ကို မောင် ခိုးပြေးလာတာ”

"ဂျောင်ကု မင်းသဘောအတိုင်းလုပ်လို့ရမယ်ထင်နေလား ငါဆန္ဒကိုကော မင်းမေးကြည့်လား”

"မေးစရာမှ မလိုတာ အဖြေက ရိုးရှင်းနာကျင်စွာထပ်ထွက်လာအုံးမှာပဲ”

သူသွယ်ဝိုက်ပြောလိုက်သော စကားကိုထယ်ယောင်းသဘောပေါက်သည်ထင် မျက်နှာတစ်ချက်မဲ့သွားသည်......မျက်နှာမမဲ့လိုက်နဲ့ထယ် ထယ်မျက်နှာကပြုံးနေတာလေးနဲ့ပဲလိုက်တယ်..........

"ဒါပေမယ့် မင်းအခုလိုတော့မလုပ်သင့်ဘူး ငါသဘောတူညီချက်မပါဘဲ မင်းနဲ့အတူနေခိုင်းတယ် တစ်နည်းပြောရရင် ပြန်ပေးဆွဲခံရတာနဲ့အတူတူပဲဂျောင်ကု ငါမင်းကိုထောင်ချလို့ရတယ်”

Be Mine(Complete)Where stories live. Discover now